ရှေ့သို့
Image

ချဲလ်ဆီးအသင်းကို ကမ်းလှမ်းမှုတင်ဒါ ပိတ်သွားပြီဖြစ်ပြီး ဆန်ခါတင် (၄)ဦးကို ရွေးချယ်ဖွယ်ရှိ

3:24 PM, 19 March

ချဲလ်ဆီးဘောလုံးကလပ်အား ဝယ်ယူရန် ကမ်းလှမ်းချက်တင်ဒါဟာ သောကြာည ၉နာရီတွင် ပိတ်သွားခဲ့ပြီဖြစ်ပြီး လာမယ့်အပတ်တွင် ဆန်ခါတင် (၄)ဦးခန့်ကို ထုတ်ပြန်ကြေညာဖွယ် ရှိပါတယ်။

အားလုံးသိကြပြီဖြစ်သလို အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့မှုကြောင့် ချဲလ်ဆီးအသင်းဟာ အမြန်ဆုံး ပိုင်ရှင်သစ် ရဖို့ကြိုးပမ်းခဲ့ရသလို အဆိုပါကိစ္စအား ကုန်သွယ်ရေးဘဏ် Raine Group က တာဝန်ယူကိုင်တွယ်နေကာ ပိုင်ရှင်သစ်အဖြစ် ကမ်းလှမ်းသူတွေထဲက ပမာဏ ၄ဦး ရွေးချယ်ထုတ်ပြန်မည်ဟု သိရသည်။

ချဲလ်ဆီးအသင်းအတွက် ကမ်းလှမ်းမှုတွေ အများအပြားရှိခဲ့ပြီး အဲဒီထဲက တင်ဒါတင်ဖို့ ဖြစ်နိုင်တဲ့ သူတွေကို ဖော်ပြပေးသွားပါမယ်။

Hansjorg Wyss, Boehly , Glodstein - ဒီလုပ်ငန်းစုက ချဲလ်ဆီးကို ရယူရန် ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။wyss သည် ထူးခြားစွာဘဲ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးအသင်းအား ရောင်းချမည်ဆိုတဲ့ သတင်းကို ပထမဆုံး ဖွင့်ဟသူဖြစ်သည်။

လွန်ခဲ့တဲ့ ၃နှစ်ခန့်ကလည်း ၈၆နှစ်အရွယ် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဟာ ပေါင်၂.၂ဘီလျံဖြင့် ကမ်းလှမ်းခဲ့ဖူးပေမယ့် အေဘရာမိုဗစ်ချ်က ပယ်ချထားတာဖြစ်ပါတယ်။ လန်ဒန်အခြေစိုက် Goldstein ဆိုသူ အမေရိစီးပွားရေးရင်းနှီးမြှပ်နှံသူ သူဌေးဟာလည်း တော့တင်ဟမ်ကို လွန်ခဲ့တဲ့ ၈နှစ်က ဝယ်ယူရန် ကြိုးစားခဲ့သူ ဖြစ်ပါတယ်။

Lord Coe , Sir Martin Broughton – Broughton က လီဗာပူးအမူဆောင်ချုပ်အဖြစ် ၂၀၁၀က လုပ်ကိုင်ခဲ့ဖူးပြီး နောက်ဆုံးမှာ Fenway Sports Group သို့ မာဆေးဆိုက်ဒ်ကလပ်အား ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Broughton နဲ့Lord Coe နှစ်ယောက်စလုံးက ချဲလ်ဆီးအမာခံပရိသတ်တွေ ဖြစ်တာကြောင့် ယခုလို အသင်းအား ဝယ်ယူရန် ကြိုးစားလာတာ ဖြစ်ပါတယ်။ Broughton ဟာ လက်ရှိ အေဘရာမိုဗစ်ချ်ရဲ့ လူယုံတော်လို ဖြစ်နေတဲ့ အသင်းအမူဆောင်ချုပ် Bruce Buck နဲ့ လည်း ရင်းနှီးသူဖြစ်ပါတယ်။ အလားတူ အင်္ဂလန်အစိုးရ အသိုင်းအဝိုင်းမှာလည်း ထဲဝင်စွာ သိရှိလုပ်နိုင်ကိုင်နိုင်သူလည်း ဖြစ်နေပါတယ်။

Tom Ricketts , Ken Griffin - ချီကာဂိုကလပ်တွေပိုင်ဆိုင်တဲ့ Ricketts မိသားစုဟာ ချဲလ်ဆီးကို ဝယ်ယူရန် ပြင်ဆင်နေတယ်လို့အတည်ပြုထားပါတယ်။လွန်ခဲ့တဲ့ ၁၃နှစ်က ချီကာဂို ဘေစ်ဘော့ကလပ်တွေကို ဝယ်ယူပြီး လက်ရှိမှာ တန်ဖိုး ၃ဆခန့်တက်လာကာ ကြွယ်ဝမှု ရှိလာသူတွေဖြစ်ပြီး ၎င်းတို့ဟာ ပိုင်ဆိုင်မှု ၂၁ဘီလျံ ရှိမယ်လို့ခန့်မှန်းထားပါတယ်။

Aethel Partners - သတင်းတွေအရ ဒီဂရုဟာ Raine Group ထံ ပေါင်၂ဘီလျံဖြင့် စီးပွားရေးပလန်များပါ တွဲကာ ကမ်းလှမ်းထားပါတယ်။လက်ရှိ ကာလတိုအတွင်း အသင်းမှာရှိနေတဲ့ ပြဿနာတွေအားလုံး ပြေလည်အောင်လည်း ပေါင်သန်း၅၀ အိတ်စိုက်ထုတ်ပေးမယ်ဆိုတဲ့ ကတိလည်း ပါဝင်နေပါတယ်။ ဒါအပြင်ကို မပြီးစီးသေးတဲ့ ကွင်းသစ်စီမံကိန်းကိုလည်း တိုးတက်အောင်လုပ်မည်ဟု ဆိုထားပါတယ်။ Aethel group ကို ပေါ်တူဂီစီးပွားရေးလုပ်ငန်းရှင် ဆန်းတို့စ်ဆေးလ်ဗားနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင် AbaSchebert တို့ ပူးတွဲတည်ထောင်ထားတာပါ။

Saudi Media Group - ယခုတစ်ပတ်ကမှ ဆော်ဒီလုပ်ငန်းရှင်တို့ဟာ ပေါင်၂.၇ဘီလျံ ကမ်းလှမ်းမှုနှင့်အတူ ပြိုင်ပွဲထဲ ဝင်လာတာပါ။ ဆိုရရင် တကယ့်ကြီးကြီးတက် ချမ်းသာတဲ့ သူဌေးတွေထက်ကို ချမ်းသာနေပါတယ်။ London ရှိ Deustsche Bank ရှိ လေ့လာဆန်းစစ်သူအဖြစ် လုပ်ကိုင်ဖူးသူ ဆော်ဒီမင်းသား Mohamed Alkhereiji ဟာ ချဲလ်ဆီးကို ချစ်မြတ်နိုးလာခဲ့သူ ဖြစ်တယ်လို့သိရသည်။ အထူးသဖြင့် SMG ဆိုတဲ့ ဂရုကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

၎င်းဟာ ဆော်ဒီတွင် အကြီးမားဆုံး မီဒီယာကုမ္ပဏီကို ပိုင်ထားပြီး နှစ်စဉ် ပေါင်သန်း၇၇၀ ဝင်ခွင့်ရှိပါတယ်။ နောက်မှာလည်း ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ ကြီးမားတဲ့ ငွေကြေးဓနအင်အားရှိပြီး ချဲလ်ဆီးအသင်းကို ဝယ်ယူရန် တိုက်တွန်းမှုကလည်း အဆိုပါသူတွေဆီကဘဲ ဖြစ်လာတာပါ။ ဆော်ဒီနိုင်ငံရဲ့ စီးပွားရေးများနှင့် ပတ်သက်ဆက်စပ်နေကာ ငွေပိုင်ဆိုင်မှုတွေကလည်း မရှင်းလင်းတာကြောင့် SMG ဟာ အမှန်တကယ် ပိုင်ရှင်အဖြစ် ထိုက်သင့်ရဲ့လားဆိုတာ ပရီးမီးယားလိဂ်ကလည်း စောင့်ကြည့်နိုင်ပါတယ်။ အထူးသဖြင့် နယူးကာဆယ်ကို ဝယ်ယူစဉ်ကလည်း SMG ဟာ ဆော်ဒီတွင် အားကစားလိုင်းတွေကို တရားမဝင်ပြနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၁၈ပတ်အကြာတွင် နယူးကာဆယ်ကို တရားဝင်ခွင့်ပြုချက်ဖြင့် ဝယ်ယူထားနိုင်ခဲ့ပါတယ်။

Nick Candy - သူဟာ ချဲလ်ဆီးရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး နှစ်ရှည်လများ စောင့်ကြည့်အားပေးခဲ့သူ ဖြစ်ကာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်တဲ့ မန်နေဂျာ ဗီယာလီနဲ့အတူ ကမ်းလှမ်းမှုတွေထဲ ပါဝင်လာပါတယ်။ ဗြိတိန်အိမ်ခြံမြေလုပ်ငန်းပိုင်ရှင် ၎င်းဟာ ချဲလ်ဆီးကို ပေါင်၂.၅သန်းဖြင့် ဝယ်ယူရန် ဝေရာဝေစ္စအတွက် ရင်းနှီးမြှပ်နှံမှုကုမ္ပသီ Tifosy Capital &Advisory ကို ငှားရမ်းထားပါတယ်။

C&P Sports Limited - ကိုရီးယားအခြေစိုက်ကုမ္ပဏီဖြစ်ပြီး သောကြာညနေခင်းကမှ သူတို့ဟာ dealine 9pm မတိုင်မီ ကမ်းလှမ်းမှု လုပ်ထားတယ်လို့ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ အဆိုပါgroupဟာ Fulham Road မှာလည်း ကုမ္ပဏီရှိပြီး ချဲလ်ဆီးရဲ့ စတန်းဖို့ဘရစ်ချ်ကွင်းနဲ့ ၁မိုင်လောက်သာ ဝေးပါတယ်။

အဆိုပါအားကစားကုမ္ပဏီရဲ့ စီးအီးအိုဆိုသူဟာ ကိုးရီးယားသူ Catalina Kim ဖြစ်ပြီး ချဲလ်ဆီးအသင်းကို ကမ်းလှမ်းထားတဲ့ အစီအစဉ်တွေကို ထုတ်ပြောခဲ့ပါတယ်။ အထူးသဖြင့် ကိုရီးယားလုပ်ငန်းရှင်တွေဟာ ဘောလုံးကလပ်တွေကို ရင်းနှီးမြှပ်နှံမှု မလုပ်ဖူးတာကြောင့် ပြောင်းလဲမှုတွေ လုပ်ရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Woody Johnson - နယူးယောက်ဂျက်ပိုင်ရှင် ယူကေသား Woody ဟာလည်း ကမ်းလှမ်းမှုထဲတွင် ပါဝင်လာမယ့်သူဟု ယူဆထားပါတယ်။ အမေရိကန်လုပ်ငန်းရှင်ဟာ ပေါင်၂ဘီလျံဖြင့် ကမ်းလှမ်းထားနိုင်ပြီး လန်ဒန်ရှိ ချိတ်ဆက်ထားတဲ့ စီးပွားရေးတွေကြောင့် အသင်းအား ဝယ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

သူဟာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်နဲ့လည်း နီးစပ်သူ ဖြစ်ပြီး လုပ်ငန်းစုတစ်စုကိုလည်းအတူတူ တည်ဆောင်ထားသူဟု သိရသည်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ်