ရှေ့သို့
Image

မန်စီးတီးနဲ့ အက်သလက်တီကိုမှာ ကစားပုံ ကွဲပြားခြားနားမှုသိပ်ရှိမနေဘူးလို့ ဂွာဒီယိုလာပြောကြား

2:44 PM, 19 March

မန်စီးတီဟာ သူတို့ရဲ့ပြိုင်ဖက် အက်သလက်တီကိုမက်ဒရစ်နဲ့ သိပ်ပြီးကွဲပြားခြားနားမှုမရှိဘူးလို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဟာ သောကြာနေ့မနက်ပိုင်း ပွဲစဉ်မဲခွဲပွဲမှာ စပိန်ချန်ပီယံအသင်းနဲ့တစ်ပွဲတည်းကျခဲ့တာဖြစ်ပါတယ်။

ဆီမီနီရဲ့အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သူတို့ရဲ့တောင့်တင်းကြံခိုင်တဲ့ခံစစ်ကစားပုံကြောင့် နာမည်ကျော်ကြားပြီး မန်စီးတီးကတော့ လွတ်လပ်စွာစီးမျောပြီး ဘောလုံးပိုင်ဆိုင်ဖို့ကြိုးစားတဲ့ ကစားပုံကြောင့် နာမည်ကြီးပါတယ်။ မဲရလဒ်နဲ့ပက်သက်ပြီးမေးကြည့်တဲ့အခါ ၁၆ သင်း အဆင့်မှာ မန်ယူကို အနိုင်ယူသွားတဲ့အက်သလက်တီကိုအသင်းကို အလွန်ကောင်းမွန်တယ်ဆိုပြီး ချီးကျူးထားပါတယ်။

ဂွာဒီယိုလာ မန်ချက်စတာညနေခင်းသတင်းကိုပြောသွားတာကတော့ “ဒီမေးခွန်းကို ကျွန်တော်နားလည်ပါတယ်။ အက်အေဖလားအနေနဲ့လည်း ဒီပြိုင်ပွဲကိုအလေးမထားတာကို ဝမ်းနည်းနေလိမ့်မယ်ထင်ပါတယ်။ ကျွန်တော် ဘာများပြောနိုင်မှာလဲ သူတို့ဟာ လီဗာပူး ပေါ်တိုနဲ့ မီလန်တို့လို ပွဲစဉ်ခက်တဲ့ထဲကိုရောက်သွားတာပါ။ ယူနိုက်တက်နဲ့မိနစ် ၁၈၀ အပြီးမှာတော့ သူတို့ပိုကောင်းလာခဲ့ပါတယ်။ မက်ဒရစ်မှာတုန်းက ပွဲတုန်းက သူတို့အရမ်းကောင်းပါတယ်။အဓိက ကတော့ ပထမပိုင်းမှာပါ။ သူတို့ဟာ ခင်ဗျားဘယ်လိုလူဖြစ်ဖြစ်ရအောင် ရှောင်ရှားနိုင်တာမလို့ တော်တော်ကောင်းတဲ့အရည်အချင်းပါပဲ။ သူတို့လုပ်စရာရှိတာကို အမြဲလုပ်ကြတယ်။ ခင်ဗျားရဲ့ဘယ်လိုကစားနည်းနဲ့ ခင်ဗျားဘယ်လောက်ပဲကြိုးစားကြိုးစားခက်ခဲပါတယ်။ ဒုတိယအဝေးကွင်းပွဲစဉ်မှာ ပိုရှုပ်ထွေးခဲ့ပါတယ်။ ဒါပေမဲ့ ဥရောပရဲ့အကောင်းဆုံးအသင်း ၈ သင်းလုံးရဲ့ ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ ဆီမီနီက ဘယ်တော့မှ အလုပ်ထုတ်ခံရမှာမဟုတ်ဘူးဗျ။ သူ့အသင်းသားတွေအကုန်လုံးက ဘယ်သူ မန်နေဂျာလဲသိလို့ပါ။ အဲလိုမဟုတ်ဘူးဆိုရင် ဘယ်သူမှ အက်သလက်တီကိုအသင်းမျိုးကို ထိန်းနိုင်မှာမဟုတ်ဘူးဗျ။ ‌ဆီမီနီကို ထုတ်လိုက်ရင်တောင် ကစားသမားတိုင်းက သူတို့လုပ်ရမှာသူတို့သိပြီး လုပ်စရာရှိတာ လုပ်ကြပါတယ်။ မနှစ်က ရုန်းခဲ့ကြတာပါ” လို့ပြောပါတယ်။

ဂွာဒီယိုလာဟာ သူ့အသင်းနဲ့အက်သလက်တီကိုအသင်း မတူကွဲပြားတယ်ဆိုတာကိုလည်း ငြင်းဆိုလိုက်ပါတယ်။ အကြောင်းကတော့ သူနဲ့ဆီမီနီနှစ်ယောက်လုံးမှာ နိုင်ဖို့အကြောင်းပြချက် တစ်ခုပဲရှိနေလို့ဖြစ်ပါတယ်ဆိုပြီးပဲဖြစ်ပါတယ်။

“ကျွန်တော် သူ့ထရိန်နင်းတွေမှာ မရှိလို့ သူ့ပွဲတွေကို နားမလည်ဘူးဗျ” လို့ ဆီမီနီကတော့ ပြန်ပြောပါတယ်။“သူဂိုးလွှတ်‌ပေးရတယ်ဆိုရင် ကျွန်တော်က သူ့ထက်တောင်ပိုလိုချင်သေးတယ်။ သူနိုင်ချင်ရင် ပိုတောင်ကြိုက်သေးတယ်။ သူ့ထက်စာရင် ပြန်လည်ထိုးစစ်ဆင်မှာတွေကို ကြိုက်တယ်။ သူတို့တွေဘာတွေလုပ်ကြမလဲဆိုတာကို ကြည့်ရတာကြိုက်တယ်။ အသင်းတိုင်းကတော့ ဂိုးတွေလွဲချော အခွင့်အရေးတွေလွဲချော်တာပဲလေ။ ဘောလုံးမှာ ကျွန်တော်တို့ဘယ်လောက်ကြိုးစားကြိုးစား တစ်ခါတလေကျ ဖြစ်သွားတတ်တာပဲလေ။ မန်ယူနဲ့ အစပိုင်း ၁၅ မိနစ်၊ မိနစ် ၂၀လောက်က တော်တော်ကောင်းတယ်ဗျ။ သူတို့ လှုပ်လို့တောင်မရဘူး။ ဒုတိယပိုင်းမှာ သူတို့သေချာပြင်ဆင်ပြီး ခုခံကြပေမဲ့ ဖီးလစ်ဇ်၊ လိုဒီ၊ လော်ရန်တေး၊ ကိုကီတို့လိုကစားသမားမျိုးတွေကျတော့ ပြန်ပြီးထိုးစစ်ဆင်တတ်တယ်လေ။ သူတို့က ဒါမျိုးတွေလုပ်လာတာနှစ်ချီနေပြီ။ သူတို့က ချန်ပီယံလိဂ်ရဲ့နောက်ဆုံဖိုင်နယ်ပွဲလည်း ရောက်ခဲ့ဖူးကြတယ်။ မနိုင်ခဲ့ရုံလေးပဲရှိတာပါ။ သူတို့နိုင်ဖို့ကစားတာနဲ့ ကျွန်တော်တို့ကစားတာနဲ့ နှိုင်းလို့မရဘူးလို့ပြောတာမဟုတ်ပါဘူး။ အဲဒါကိုသိရင် ကျွန်တော်တို့ကိုသွင်းဖို့ခက်ခဲတာလည်းသိပါလိမ့်မယ်။ သူတို့လည်းဂိုးနိုင်ခြေတွေရှိတာ ကျွန်တော်တို့ သိရပါမယ်။ အခြားပြိုင်ဖက်နဲ့ကစားနေလည်း ခက်ခဲနေဦးမှာပါပဲ။ ကွင်းကြီးကွင်းကောင်းမှာ ရှယ်ကစားပြီး ဆီးမီးဖိုင်နယ်ကိုတက်ဖို့ ပြင်ဆင်ထားပါတယ်။ တစ်ဖက်အသင်း‌အနေနဲ့လည်း ကျွန်တော်တို့နဲ့ကစားမယ့်ပွဲအတွက် စိုးရိမ်နေသင့်ပါတယ်”လို့ ထပ်လောင်းပြောသွားပါတယ်။

မန်စီးတီးသာ ဆီမိးဖိုင်နယ်ကို တက်သွားခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ပြိုင်ရမယ့် ပရီမီးယားလိဂ်က ချဲလ်ဆီးနဲ့ယှဉ်ရနိုင်ခြေရှိပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ