ရှေ့သို့
Image

ပေါ်တူဂီသို့ တစ်နှစ်(သို့မဟုတ်) နှစ်နှစ်အတွင်း ပြန်လာမည်ဟု ဘာနာဒိုဆေးဗားလ် ဖွင့်ဟ

11:01 AM, 19 March

မန်စီးတီးကြယ်ပွင့် ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးဗားလ်က လာမည့် တစ်နှစ်(သို့မဟုတ်) နှစ်နှစ်အတွင်း ပေါ်တူဂီနိုင်ငံသို့ ပြန်လာရန် ဆန္ဒရှိနေပြီး မွေးရပ်မြေကလပ် ဘင်ဖီကာအသင်းအတွက် ကစားပေးလို ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

၂၀၂၁ ခုနှစ် နွေရာသီတွင် ဆေးဗားလ်သည် မန်စီးတီးအသင်းမှထွက်ခွာရန် သတင်းများထွက်ပေါ်လာသော် လည်း နောက်ပိုင်းတွင် အသင်းတွင်ဆက်ရှိနေကာ ပတ်ဂွါဒီယိုလာအသင်း၏ အရေးပါဆုံးကစားသမားများအနက် တစ်ဦးဖြစ်လာခဲ့သည်။ သို့သော်လည်း ယခုအခါ မိသားစုဆွေမျိုးများအတူတကွနေထိုင်ရန်နှင့် ငယ်ဘဝကလပ်တွင်  ဘောလုံးက စားရန်အတွက် မွေးရပ်မြေသို့ မကြာမီပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော် ပေါ်တူဂီကို အရမ်းလွမ်းပါတယ်။ အကယ်၍ တစ်နှစ်(သို့မဟုတ်)နှစ်နှစ်အတွင်း ပြန်နိုင်ခဲ့မယ်ဆိုရင် ဘင်ဖီကာအတွက် ပြန်ကစားချင်တယ်။ ကျွန်တော့်မိသားစုနဲ့ ပေါ်တူဂီမှာ နေထိုင်ရတဲ့ ဘဝနေထိုင်မှုကိုလည်း အရမ်းလွမ်းနေတာကြောင့်ပါ”ဟု ဆေးဗားလ်က Channel 11 သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဆေးဗားလ်သည် မန်စီးတီးအသင်းမှ ထွက်ခွါရန် နီးစပ်ခဲ့ သော်လည်း အသင်းဘက်မှ လက်ခံနိုင်သောကမ်းလှမ်းမှုမျိုးမရှိခဲ့ခြင်းကြောင့် မထွက်ခွာနိုင်ခဲ့ချေ။ သို့သော်လည်း ဂွါဒီယိုလာ၏ ထောက်ခံမှုအရ ဆေးဗားလ်အား အသင်းမှာ ဆက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ပြီး မန်စီးတီးအသင်း၏ အရေးပါသော ကစားသမားတစ်ဦးဖြစ်လာခဲ့သည်။

မန်စီးတီးအသင်းတွင် ၂၇ နှစ် အရွယ် ကစားသမား မည်သည့်အချိန်အထိဆက်ရှိနေမည်ကို စောင့်ကြည့် ရနိုင်သော်လည်း လာမည့် ၁၂လအတွင်း သူ၏ အသင်းဟောင်းဖြစ်သော ဘင်ဖီကာသို့ ပြန်လည်ရောက်ရှိ နိုင်သော အလားအလာများလည်းရှိသည်။

ယခင်အချိန်များကလည်း ဆေးဗားလ်က “ဘင်ဖီကာအသင်းဆိုတာ ကျွန်တော့်ဘဝရဲ့ ကြီးမားတဲ့အစိတ်အ ပိုင်းတစ်ခုပါ။ ကျွန်တော့်အဖေ၊ ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ ဘင်ဖီကာရဲ့ပွဲစဉ်တွေကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့တာပါ။ ဒါ့အပြင် ကျွန်တော့်အသက် ခုနှစ်နှစ်ကနေ ၁၉ နှစ်အထိ ဘင်ဖီကာအသင်းမှာ ၁၂နှစ်ကြာ ကစားခဲ့ပါတယ်။ ဒါက ကျွန်တော့ဘဝရဲ့ ထက်ဝက်လောက်ဖြစ်နေပြီ။ ကျွန်တော်အသင်းကနေ ထွက်ခွာတော့ အသက် ၁၉၊ ၂၀ နီးပါးရှိနေပြီး မမျှော်မှန်းထားတဲ့ အရာဖြစ်တာကြောင့် အရမ်းခက်ခဲတဲ့  ပြောင်းလဲမှုမျိုး ဖြစ်ခဲ့တယ်။ ဒါပေမယ့် မိုနာကိုအသင်းဆီပြောင်းရွှေ့နိုင်ခဲ့ခြင်းက ကျွန်တော့်ဘဝအတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။ ဘင်ဖီကာအကြောင်းပဲ ဆက်ပြောရမယ်ဆိုရင် ဒီအသင်းက ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ အသင်းရဲ့ ဖန်အဖြစ်သာမက ကစားသမားဘဝတိုးတက်စေဖို့အတွက် ဒီအသင်းက အများကြီး ကူညီပေးခဲ့လို့ပါ”ဟု ထုတ်ဖော်ပြောကြားဖူးသည်။

#မန်စီးတီး #ပေါ်တူဂီ #ဂွါဒီယိုလာ #ဆေးလ်ဗား