ယူနိုက်တက်သစ် နည်းပြ နေရာ အတွက် ဆီမြွန်နီကို ထောက်ခံလိုက်တဲ့ ရွိုင်ကိန်းနဲ့ စခိုးလ်
2:29 PM, 18 March
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက် နည်းပြသစ်တွေနဲ့ ခရီးဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ နည်းပြသစ်တွေ ခရီးဆက်ခဲ့ပေမယ့် ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် မရောက်ခဲ့ပဲ အခုလည်း ယာယီနည်းပြအဖြစ် ရန်နစ်ကို ခန့်အပ်ထားခဲ့ပေမယ့် လာမယ့်ရာသီမှာ ဆက်လက်ကိုင်တွယ်ဖွယ်မရှိတာဖြစ်ပါတယ်။
နည်းပြနေရာအတွက် ပိုချက်တီနို နဲ့ တန်ဟက်တို့ကို ပစ်မှတ်ထားနေပြီး ပိုချက်တီနိုရဲ့ စာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ကာ ပြင်သစ်မြေမှာ အနာဂတ် မသေချာတာဖြစ်ပါတယ်။ အခုချိန်မှာ ယူနိုက်တက်ဟာ နည်းပြနေရာအတွက် ဆီမြွန်နီကို ချိတ်ဆက်မှုတွေ ပြုလုပ်လာပါတယ်။
“ရွိုင်ကိန်းကလည်း ဆီမြွန်နီဟာ ယူနိုက်တက်အတွက် မှန်ကန်တဲ့သူဖြစ်လာနိုင်ပါတယ်။ သူက တီကိုမှာ ခက်ခဲ့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူနိုက်တက်အတွက် သူက သင့်တော်တဲ့သူဖြစ်လာနိုင်ပါတယ်။ တီကိုမှာ စွမ်းဆောင်ပြထားတာကို ကြည့်ရင် သိနိုင်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ တီကိုအသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရကာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်အောင်ပဲ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ “ဆီမြွန်နီသာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ရင် နောက်တစ်ဆင့်တက်နေလောက်ပါပြီ”လို့ ပေါလ်စခိုးလ်က ပြောကြားခဲ့ပါတယ်။