ရှေ့သို့
Image

တော့တင်ဟမ်ကြယ်ပွင် ၂ ဦးက အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးလိမ့်မယ်လို့ မာဖီ ပြောကြား

2:25 PM, 18 March

တော့တင်ဟမ်အသင်းဟာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး အဆင့် ၄ နေရာကို သိမ်းပိုက်သွားနိုင်တယ်လို့ ဒန်နီမာဖီက ပြောကြားလိုက်ပါတယ်။ တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘရိုက်တန်ကို အနိုင်ရရှိခဲ့ကာ အာဆင်နယ်က လီဗာပူးကို အရေးနိမ့်ခဲ့ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးကို အရေးနိမ့်ခဲ့ပေမယ့် အာဆင်နယ်က အဆင့် ၄ နေရာကို ဆက်လက်သိမ်းပိုက်ထားနိုင်ခဲ့ကာ တော့တင်ဟမ်က အမီလိုက်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် မာဖီက တော့တင်ဟမ်စတား ၂ ဦးဖြစ်တဲ့ ကိန်းနဲ့ ကွန်တီဟာ အသင်းကို အဆင့် ၄ ဝင်အောင် လုပ်ပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

“လာမယ့်ပွဲတွေကိုကြည့်ရင် အာဆင်နယ်က ရေပန်းစားနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်က တော့တင်ဟမ်အဆင့် ၄ ဝင်မယ်လို့ တွေးထင်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ ၂ ရာသီတုန်းက သူတို့အဆင့် ၄ ဝင်ခဲ့သလို အခုလည်း ကွန်တီရှိနေတာကြောင့် ဝင်နိုင်ပါတယ်။ ကွန်တီက ရောက်တဲ့နေရာတိုင်းမှာ အောင်မြင်နေတာပါ။ တခါတလေမှာ နည်းပြမကောင်းရင် ကံကောင်းဖို့တော လိုပါတယ်။ အခြားအရာတစ်ခုရှိနေပါသေးတယ်။ အဲ့တာက ဟယ်ရီကိန်းပါ။ သူက အသင်းကို အများကြီးအကူအညီပေးနိုင်ပါတယ်”လို့ မာဖီက ပြောကြားခဲ့ပါတယ်။

ကိန်းဟာ ဘရိုက်တန်နဲ့ပွဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၈ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ကာ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးရဲ့အဆင့် ၅ နေရာကို တက်ရောက်လာနိုင်ခဲ့ပါတယ်။
ကွန်တီကလည်း အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့စွမ်းဆောင်ရည်ကို ဘရိုက်တန်နဲ့ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

“ပြောင်မြောက်တဲ့ အောင်မြင်မှုပါ။ ကျွန်တော်တို့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးအကြောင်းပြောနေတာပါ။
ကိန်းခြေစွမ်းနဲ့ပတ်သက်ပြီး ကျွန်တော်အရမ်းကျေနပ်ပါတယ်”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တော့တင်ဟမ် #မာဖီ