ရှေ့သို့
Image

လိုင်လီနဲ့ ပွဲစဉ်အတွင်း အံ့ဖွယ်ကစားခြေစွမ်းကြောင့် မေဆန်မောင့်အား ဂျိုကိုးလ်မှ ချီးကျူး

4:16 PM, 17 March

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်းဂျိုကိုးလ်ဟာ ချန်ပီယံလိဂ်မှာ လိုင်လီအသင်းကို ၂-၁ နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ မေဆန်မောင့်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်ပါတယ်။ အင်္ဂလန်ကစားသမားဖြစ်တဲ့မောင့်ဟာ ဒုတိယပိုင်းမှာ လူစားထိုးဝင်ရောက်လာချိန်ကစပြီး ချဲလ်ဆီးအသင်းအသာစီးရရှိစေနိုင်သည်အထိကို စွမ်းဆောင်စေတာ ဖြစ်ပါတယ်။

ကိုဗာဆစ်ရဲ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့ ၂၃ နှစ်အရွယ်ကစားသမားဟာ ရှေ့တန်းတိုက်စစ်ကို ပိုပြီးအားဖြည့်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တူချယ်အတွက်တော့ မောင့်ကို လူစားလဲလိုက်ခြင်းကြောင့် ဒုတိယပိုင်းဟာ ပိုပြီးကောင်းမွန်သွားတာ ဖြစ်တယ်လို့ ဘောလုံးသမားဘဝမှဘောလုံးပညာရှင်ဖြစ်လာသူ ဂျိုကိုးလ်မှ ယုံကြည်နေပါတယ်။

“ဒုတိယပိုင်းက ပိုကောင်းလာတာဗျ၊ ပိုပြီးတော့လည်း နိုင်ဖို့ သေချာသွားတာ။ မေဆန်မောင့်ဝင်လာတာကြီးက အတော်ကြည့်ကောင်းပါတယ်။ အက်စပီကျူတာအတွက် ဖြတ်တင်ပေးလိုက်တာကလည်း တော်တော်လှပါတယ်”

စုစုပေါင်း ၄-၁ နဲ့လိုင်လီကို အနိုင်ရဖို့အတွက် ဒုတိယပွဲစဉ်မှာ ချဲလ်ဆီးဟာ ၂-၁ ဆိုတဲ့ရလဒ်ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ တူရကီတိုက်စစ်မှူးယီမက်ဇ်ဟာ ၃၈ မှာရတဲ့ ပင်နယ်တီကနေတစ်ဆင့် အဖွင့်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးလက်ကျန်မိနစ် ၂၀ လောက်မှာ အက်စပီကျူတာ အနိုင်ဂိုးမသွင်းယူခင် ပထမပိုင်းမှာတည်းက အမေရိကန်ဘောလုံးအကျော်အမော် ပူလီဆစ်က တစ်ဂိုးသွင်းယူပြီး ပွဲကို စိတ်လှုပ်ရှားဖွယ်ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

မေဆန်က အက်စပီကျူတာရဲ့ဘယ်ဖက်ခြမ်းကနေ ဘောလုံးကို ထောင်တင်လိုက်တာ ဖြစ်ပြီး အက်စပီကျူတာက သွင်းယူခဲ့ပါတယ်။ မေဆင်ဟာ တူချယ်ရဲ့လက်အောက်မှာ ဘောလုံးရာသီကောင်းကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဤကစားသမားဟာ ချဲလ်ဆီးအသင်းအတွက် ပွဲစဉ်အားလုံးပေါင်းမှာ ၈ဂိုးသွင်း ၁၀ဂိုး ကူညီထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကစားသမားဟာ ဟာဗက်၊ လူကာကူ နဲ့ဂျော်ဂျင်ဟိုတို့ ပြီးရင် အသင်းရဲ့ စတုတ္ထမြောက်ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်ချက်စတာနဲ့လီဗာပူး ပြီးရင် ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်ကို တတိယမြောက် ဝင်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ သူတို့နဲ့အတူ ဘိုင်ယန်မြူးနစ်၊ ဗီလာရီးရဲ၊ ရီးရဲမက်ဒရစ်၊ ဘင်ဖီကာနဲ အက်သလက်တီကိုတို့ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

ချန်ပီယံကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ မဲစနစ်ဖြင့် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အက်ဖ်အေဖလားဖက်ကို အာရုံစိုက်လာပြီဖြစ်
===============================
ချန်ပီယံလိဂ်မှာ အနိုင်ရရှိခဲ့တာကြောင့် ချဲလ်ဆီးဟာ သူတို့ရဲ့အာရုံကို အက်ဖ်အေဖလားကွာတားဖိုင်နယ်ဖက်ဆီ လှည့်သွားပြီလည်း ဖြစ်ပါတယ်။ချဲလ်ဆီးဟာ  မတ်လ ၁၉ ရက်နေ့မှာကစားရမယ့် ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ရဲ့ ရေးဗားဆိုက်ကစားကွင်းကို သွားမှာလည်း ဖြစ်ပါတယ်။

ဘိုရိုကွင်းဟာ ဒီအက်ဖ်အေဖလားရာသီမှာ အကောင်းဆုံး ပုံစံဖြစ်နေတာပဲဖြစ်ပါတယ်။ ခရစ်ဝိုင်ဒါရဲ့အသင်းဟာ ချဲလ်ဆီးနဲ့တွေ့ရဖို့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ကို အနိုင်ယူခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ၂၀၂၀ အက်ဖ်အေဖလားတုန်းက အာဆင်နယ် အသင်းကို ရှုံးနိမ့်ခဲ့သလို မနှစ်ကလည်း လက်စတာအသင်းကို အရေးနိမ့်ခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

#လိုင်လီ #မေဆင်မောင့် #ကိုးလ်မန်း #ချန်ပီယံလိဂ်