ရှေ့သို့
Image

ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင် ရဲတွေနဲ့ ပွဲကြမ်းခဲ့တဲ့ ချဲလ်ဆီး ပရိသတ်များ

2:42 PM, 17 March

ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် ၁၆ သင်း အဆင့် ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ချဲလ်ဆီး ပရိသတ်တွေနဲ့ လိုင်လီကပြင်သစ် ရဲတွေဟာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ရဲတွေဟာ လက်ကိုင်တုတ်တွေ မျက်ရည်ယိုဗုံးတွေပါ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဖန်တွေဟာ သူတို့ကလပ်အသင်းမှာ လတ်တလောဘာတွေဖြစ်နေတာလဲနားမလည်နိုင်ကြသလို သူတို့အတွက် ထူးဆန်းတဲ့အပတ်ကြီးလည်းဖြစ်နေတာပါ။ ရှုပ်ထွေးမှုတွေ ဆက်လက်ဖြစ်ပွားနေသလို နောက်မှ ပြန်ရုပ်သိမ်းခဲ့တဲ့ အသင်းကို တံခါးပိတ်ကစားခိုင်းခဲ့တဲ့ထူးခြားတဲ့ အခြေအနေကြီးကြောင့် သူတို့ဟာ သူတို့အသင်းပွဲစဉ်လတ်မှတ်တွေဝယ်လို့မရသလို ပစ္စည်းတွေလည်း ဝယ်လို့မရဖြစ်နေတာပါ။

ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် လိုင်လီနဲ့ကစားရမယ့် ဥရောပပွဲစဉ်အတွက်သာ ပြင်သစ်ကို သွားခဲ့ကြတာဖြစ်ပြီး ကွင်းပြင်က ပြဿနာတွေမဖြစ်ဖို့ဘဲ ပရိသတ်အများစုက မျှော်လင့်ခဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ ပရိသတ်တွေကတော့ လိုင်လီဖလန်ဒါရုံရဲ့ဆန့်ကျင်ဖက်မှာ အေဗရာမိုဗစ်ချ်ရဲ့နာမည်ကို ထပ်ခါထပ်ခါအော်ဟစ်ခဲ့ကြတဲ့အတွက် ဒေသခံရဲတွေနဲ့ ထိပ်တိုက်တွေ့သွားခဲ့တာလည်းဖြစ်ပါတယ်။

ရဲတွေက လက်ကိုင်တုတ်တွေနဲ့ရိုက် မျက်ရည်ယိုဗုံးသုံးပြီး လူအုပ်ကြီးကိုမခွဲခင်တုန်းတည်းက ပရိသတ်တွေက ပုလင်းတွေနဲ့ ထုခဲ့ကြတယ်ဆိုပေမဲ့ တစ်ချို့ကတော့ တကယ်ပါဝင်ခဲ့ပုံမပေါ်ပါဘူး။ ဒီပရိသတ်တွေရဲ့ အပြုအမူတွေကြောင့် တိုင်ကြားမှုတွေ တက်လာလို့ ကျွန်တော်တို့သွားခဲ့ရတာပါလို့ ပြောရေးဆိုခွင့်ရဒေသခံရဲအရာရှိ တစ်ယောက်က Dailymail ကိုဖြေကြားပါတယ်။

ထိုနေရာတစ်ဝိုက်ကလမ်းတွေကို ရဲအင်အားနဲ့ပိတ်ဆို့ထားခဲ့ပေမဲ့လို့ မြို့ထဲမှာ ဟိုနေရာ ဒီတစ်စုနဲ့ ပြဿနာတက်နေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။ ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ ပရိသတ်တွေကတော့ သူတို့တွေစတင်ပြီးအကြမ်းဖက်ခဲ့တယ်ဆိုတာကို ငြင်းဆိုနေကြပါတယ်။

တွစ်တာပေါ်မှာ အက်ဘီဆိုသူက “ကျွန်တော်တို့က ချဲလ်ဆီး ချဲလ်ဆီး လို့ပဲအော်နေခဲ့တာပါ အဲဒါကို လိုင်လီပရိသတ်တွေ ရောက်လာပြီး ကျွန်တော်တို့ကို အရင်စလုပ်တာပါ။ လိုင်လီရဲတွေက သူတို့လက်ကိုင်တုတ်တွေ ရမ်းပြီး ကျွန်တော့်နောက်ကျောကို ရိုက်တာဗျ။ ကျွန်တော်တို့ကို ဆွဲထုတ်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ မဟုတ်ရင်ကျွန်တော် နောက်တစ်ချက် အရိုက်ခံနေမှာ တစ်ယောက်ယောက်က မျက်ရည်ယိုဗုံးလို့ထအော်တော့ ကျွန်တော့်မျက်လုံးတွေကာပြီး လွတ်အောင်လုပ်ဖို့ကြိုးစားတယ်ဗျ။ ဒါပေမဲ့ အခုထိ မျက်ရည်ကျနေတာ မသက်သာသေးပါဘူး။ ကျွန်တော် ထိခိုက်ဒဏ်ရာတွေ တော်တော်ရတယ်ဗျ။ ရင်ဘတ်တွေလည်းအောင့်တယ်။ ကျွန်တော်ရော သူတို့ရော ဘဝမှာ ဘာမဟုတ်တာမှ မလုပ်ခဲ့ဖူးပါဘူး။ အဲဒါတောင် ကျွန်တော်တို့တွေ အတိုက်ခိုက်ခံရတယ်ဗျာ”လို့ တင်ထားပါတယ်။

ဟာဗက်နဲ့ ပူလီဆစ်တို့နှစ်ယောက်သွင်းခဲ့တဲ့ သွင်းဂိုးတွေကြောင့် ချဲလ်ဆီးဟာ ပထမပွဲကို အနိုင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။  ဖေဖော်ဝါရီလရဲ့ပထမ ပွဲစဉ်တည်းကစပြီး ကမ္ဘာကြီးမှာရော ကလပ်အသင်းမှာပါ အများကြီးပြောင်းလဲသွားခဲ့တာမလို့ ချဲလ်ဆီးပရိသတ်တွေ အတွက်တော့ အဖြေထက် မေးခွန်းတွေပဲ ကျန်နေခဲ့ပါတယ်။

ရာသီလမှတ်ကိုင်ထားသူတွေကလွဲပြီး ကျန်တဲ့ပရိသတ်တွေ လက်မှတ်ဝယ်လို့ မရတော့မှာကြောင့် ချန်ပီယံလိဂ်နောက်ပွဲတွေမှာလည်း တံခါးပိတ်ကစားရနိုင်ခြေ ရှိနေပါတယ်။ ယူကေကလွဲလို့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်အပေါ် ချထားတဲ့ အီးယူရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် ဒီလိုပဲဖြစ်လိမ့်မယ်လို့ Atletic သတင်းဌာနကဆိုပါတယ်။

#ချဲလ်ဆီး #လိုင်လီ #ချန်ပီယံလိဂ် #အေဘရာမိုဗစ်ချ်