ရှေ့သို့
Image

ချန်ပီယံလိဂ်က ထွက်ခဲ့ရတာဟာ ဂျူဗင်တပ်စ်အသင်း ကျရှုံးသွားတာ မဟုတ်ဘူးလို့ အယ်လီဂရီ ကာကွယ်ပြောကြား

11:16 AM, 17 March

အယ်လီဂရီက ယမန်နေ့ည ဗီလာရီးရဲလ်ကို ဂိုးပြတ်ရှုံးကာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းကို ကာကွယ်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ တူရင်မှာ ၃ဂိုးပြတ် ရှုံးခဲ့ပြီးနောက် ၂ကျော့ပေါင်းရလဒ် ၄-၁ဂိုးနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

အဆိုပါ ရှုံးပွဲကြောင့် ယခုနှစ် ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတဲ့ အယ်လီဂရီအတွက် ဖိအားတွေ ပိုများလာစေတော့မှာ ဖြစ်ပါတယ်။

အယ်လီဂရီက "အသင်းက ၇၅မိနစ်လောက်ထိ အကောင်းဆုံး ကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဗီလာရီးရဲလ်က ခံစစ်ပိတ်ကစားဖို့သာ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ အခွင့်အရေးတစ်ခု ရချိန် အသုံးချသွားပါတယ်။ ဘောလုံးက ဒီလိုပဲဖြစ်ပြီး အဲ့ဒီလို အခြေအနေ၁ခုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်"

"ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေး ကောင်းတွေ ရခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲလ်က ၁၁ယောက်လုံး ပိတ်ကန်ပြီး အချိန်ပိုဆွဲဖို့ ကြိုးစားလို့ အခွင့်အရေး ပိုနည်းခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့သွှု်းဂိုးက အရာအားလုံး ပြောင်းလဲသွားစေခဲ့ပါတယ်"

ဆက်လက်ပြီး အယ်လီဂရီက "ဥရောပမှာ ဂျူဗင်တပ်စ်ထက် ပိုကောင်းတဲ့ အသင်း ၁၀သင်းလောက် ရှိပါတယ်။ အဲ့ဒါက ရှက်စရာမဟုတ်ပဲ အမှတ်တရားတစ်ခု ဖြစ်ပြီး ဒါက ကျဆုံးမှုလို့ မှတ်ယူမယ်ဆိုရင် မမျှတပါဘူး"လို့ ပြောခဲ့ပါတယ်။

နောက်ခံလူ ဒန်နီလိုကလည်း "ကျွန်တော်တို့ ပရိသတ်တွေကို တောင်းပန်လို့ပဲ ရမှာဖြစ်ပြီး ဆက်ကြိုးစားရပါမယ်"လို့ ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယခုနှစ်ရာသီ ဆုဖလား မျှော်မှန်းစရာ တစ်ခုအဖြစ် ကိုပါအီတာလီယာဖလားမှာတော့ ဆီမီးဖိုင်နယ် ရောက်နေခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #ချန်ပီယံလိဂ် #အယ်လီဂရီ