ရှေ့သို့
Image

အက်သလက်တီကိုနဲ့ပွဲမှာ မက်ဂွာရီ လူစားလဲခံရချိန် ယူနိုက်တက်ပရိသတ်တွေ ပျော်ရွှင်နေခဲ့

2:08 PM, 16 March

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီ လူစားလဲခံရချိန်မှာ ပျော်ရွှင်နေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ မက်ဂွာရီကို နည်းပြရာ့ဖ်ရန်နစ်က ပွဲချိန် ၈၄ မိနစ်မှာ ဂျူအန်မာတာနဲ့ လူစားလဲခဲ့တာလည်း ဖြစ်ပါတယ်။ 

အသင်းခေါင်းဆောင်တစ်ယောက်ကို နည်းပြကလူစားလဲဖို့ ဆုံးဖြတ်ခဲ့တဲံ ဆုံးဖြတ်ချက်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းထဲက ပရိသတ်တွေကတော့ ပျော်ရွှင်စွာနဲ့ ထောက်ခံခဲ့ကြတာ တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာက ဘောလုံးပရိသတ်တစ်ချို့ကတော့ “ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွာရီကို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်လို ပွဲမျိုးမှာ လူစားလဲလိုက်တာကို အိုးလ်ထရက်ဖို့ဒ်ပရိသတ်တွေ တော်တော်လေး ပျော်နေပုံရတယ် ” လို့ ပြောခဲ့ပါတယ်။ 

ဒုတိယတစ်ယောက်ကလည်း “ မက်ဂွာရီ လူစားလဲခံရတာကို ပရိသတ်တွေ တော်တော်ပျော်နေတာပဲ။ ဒီခံစားချက်က မက်ဂွာရီအတွက် တော်တော်လေး နာကျင်စေလိမ့်မယ် ” လို့ ပြောခဲ့သလို တတိယတစ်ယောက်ကလည်း “ လူစားလဲခံရမှပဲ ပရိသတ်က မက်ဂွာရီကိုအားပေးတော့တယ်၊ ဘယ်လိုတောင်ဖြစ်ရတာလဲ ” နောက်ဆုံးတစ်ယောက်ကတော့ “ ဟယ်ရီမက်ဂွာရီ လူစားလဲခံရတာကို ပရိသတ်တွေ ပျော်နေကြတာပဲ၊ ပျော်လည်းပျော်သင့်တယ် ” လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟာ ဒီရာသီမှာ ခြေစွမ်းတွေ ဆက်တိုက်ဆိုးရွားနေတာကြောင့် ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ မနေ့ညက ပွဲစဉ်မှာလည်း မက်ဂွာရီကို ပရိသတ်တွေက ပစ်မှတ်ထားစောင့်ကြည့်ခဲ့ကြပါတယ်။ ရီနန်လိုဒီရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ အက်သလက်တီကိုက နှစ်ကျော့ပေါင်း ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို ဆက်တက်သွားခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #အက်သလက်တီကို #မက်ဂွါရီ #ရန်နစ်