ရှေ့သို့
Image

တော့တင်ဟမ်နဲ့ ပွဲအပြီး ၃ရက် အကြာမှာ ကစားရပေမယ့် ရော်နယ်ဒိုရဲ့ ကြံခိုင်မှုကို မစိုးရိမ်ကြောင်း ရန်းနစ် အခိုင်အမာဆို

3:14 PM, 15 March

ပြီးခဲ့တဲ့စနေနေ့က တော့တင်ဟမ်နှင့် ပွဲတွင် ဟက်ထရစ်ဂိုး သွင်းယူပြီးနောက် ၃ရက် အကြာ ယနေ့တွင် ချန်ပီယံလိဂ်အဖြစ် အက်သလက်တီကိုနဲ့ ရင်ဆိုင်ဖို့ ရော်နယ်ဒို အဆင်သ့င်ဖြစ်နေပြီလို့ ရန်းနစ်က ထောက်ခံပြောကြားလိုက်ပါတယ်။

တော့တင်ဟမ်အား ၃-၂ဂိုးဖြင့် နိုင်ပြီးနောက် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပြီး ထွက်ခွာခဲ့တဲ့ အသက်၃၇နှစ်သားဟာ အက်သလက်တီကိုနဲ့ ပွဲအတွက် အချိန်တိုတွင်း ကြံခိုင်မှု ပြည့်နေမယ်လို့ ရန်းနစ်က ယုံကြည်နေပါတယ်။

“သူ ကြံခိုင်မှု မပြည့်ရင်တောင် ကျွန်တော် မစိုးရိမ်ပါဘူး သူက သူကိုယ်သူ အရမ်းဂရုစိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ သူရဲ့ ခန္တာကိုယ်ကို ကောင်းစွာသိနားလည်တယ် ဒါကြောင့် ကျွန်တော် မစိုးရိမ်ပါဘူး။သူ ထပ်ပြီး ၃ဂိုးသွင်းနိုင်မလား ကျွန်တော်တို့စောင့်ကြည့်ရပါမယ် သူရဲ့ အလုံးစံ ုစွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်။ ခုပွဲမှာလည်း ဒီစွမ်းဆောင်ရည်ကို ကျွန်တော်တို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီပွဲက ခရစ္စတီယာနိုတင်မဟုတ်ပါဘူး။ အသင်းကစားရမယ့်ပွဲပါ။ ခုက ဒီပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် ပြောရမယ့်အကြောင်းပါ။ ကျွန်တော်တို့ အသင်းက စနေနေ့မှာ နိုင်ပွဲလိုချင်တဲ့ အသင်း ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ပရိသတ်တွေက အရေးပါတဲ့ နေရာမှာ ရှိခဲ့ပြီး ဘယ်လောက်အထိ နိုင်ချင်ခဲ့သလဲ နားလည်ခဲ့ပါတယ် ဒီပွဲကလည်း အဲဒီအတိုင်းပါပဲ”ဟု ဆိုသည်။

အက်သလက်တီကိုအကြောင်းကို ရန်းနစ်က ပြောရာမှာ“နောက်ဆုံး ၅ပွဲမှာ သူတို့ဘောလုံးပိုင်ဆိုင်မှု ၅၀% ထက်တောင် လျော့နည်းပါတယ် ကျွန်တော်တို့ဒါကို သတိထားမိပါတယ် လုံး၀ ဂိုးမပေးရအောင် ဂရုစိုက်ဖို့ လိုအပ်တယ်။ အဲဒါက သေချာပေါက် အရေးကြီးပါတယ်။ ပြောရမယ်ဆိုရင် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မည့်သည်နည်းလမ်းမဆိုဖြစ်စေ အရေးမကြီးပါဘူး ဝင်ခွင့်ရဖို့ကသာ အမှန်တရား ဖြစ်တယ်။ တတ်နိုင်သလောက် အရာအားလုံး ကြိုးစားသွားမှာပါ နောက်ဆုံး၈သင်းထဲ ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်နိုင်ခဲ့ရင်တောင် ပြိုင်ပွဲမှာ တခြားအသင်းကောင်းတွေလည်း ရှိပါတယ်။ လာမယ့်၂ပတ်အတွင်း အိမ်ကွင်းမှာ လက်စတာနဲ့ကစားရမယ် ပရီးမီးယားလိဂ်မှာလည်း ကျွန်တာ်တို့ဒီထက်ပိုပြီး အမှတ်တွေ မလျော့သင့်တော့ပါဘူး။ အာဆင်နယ်က ပုံံစံကောင်းမှာ ရှိနေတယ်။ မနေ့က လက်စတာနဲ့ ပွဲကို နိုင်သွားတယ် ကျွန်တော်တို့ကိုယ်တိုင် ကြည့်ရူရပါမယ် ဒါပေမဲ့ ခုက ချန်ပီယံလိဂ်ပွဲဖြစ်တယ် အသင်းမှာရှိတဲ့ အားလုံးက စိတ်ဓာတ်ခွန်အားအမြင့်ဆုံးမှာ ရှိတယ်။ ခုပွဲကို မစောင့်ဆိုင်းနိုင်တော့ပါဘူး”ဟု ရန်းနစ်က ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ချန်ပီယံလိဂ် #ရန်းနစ်