ရှေ့သို့
Image

လီဗာပူးအား အနိုင်ရရှိဖို့ အာဆင်နယ် အသင်းရဲ့ အသေးစိတ်အစီစဉ်ကို ပြောပြလိုက်တဲ့ ဇာခါ

11:12 AM, 15 March

ဇာခါကတော့ လီဗာပူးနှင့်ကစားမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေတာဖြစ်ပြီး အသေးစိတ်အစီစဉ်တွေကိုပါ ပြောပြလိုက်ပါတယ်။ အာဆင်နယ်ဟာ တနင်္ဂနွေနေ့က လက်စတာအား ၂-၀ ဂိုးဖြင့်အနိုင်ရရှိကာ ပရီးမီးယားလိဂ် ၅ပွဲဆက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ထိပ်ဆုံး ၄သင်းအတွင်းသို့ ဝင်ရောက်ဖို့ မျှော်လင့်ချက်ကလည်း ပိုကောင်းလာခဲ့ပါတယ်။

အခုတော့ သူတို့အသင်းဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်က ရှုံးကြွေးကို ပြန်ဆပ်ဖို့ အခွင့်အရေးရရှိလာပြီဖြစ်ပြီး အန်ဖီးလ်မှာကစားခဲ့တဲ့ ပထမအကျော့တုန်းက အာဆင်နယ်ဟာ  ဇာခါရဲ့အနီကဒ်ကြောင့် ရလဒ် မကောင်းခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ဆွစ်ဇာလန်နိုင်ငံသားက အာဆင်နယ်အသင်းရဲ့ ဆက်တိုက် အနိုင်ရရှိခဲ့မှုတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၃ပွဲပိုကစားထားတဲ့ ယူနိုက်တက်၊ ဝက်စ်ဟမ်း၊ ဝုဗ်တို့ရဲ့ရှေ့မှာရပ်တည်ထားနိုင်တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က အခြားရလဒ်တွေကိုလည်း ကြည့်နေတာဖြစ်သော်လည်း အနိုင်ရရှိထားတာပါ။ အခုတော့ ၅ ပွဲဆက်အနိုင်ရရှိထားတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးနှင့် ကစားရမှာ ဖြစ်ပါတယ်""နိုင်ငံတကာပွဲစဉ်များမတိုင်ခင် ဒါဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ရက်သတ္တပတ်ဖြစ်တယ်ဆိုတာကို သိထားနားလည်ထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဟူးနေ့ပွဲကို ကြည့်ရမှာဖြစ်ပြီး လက်စတာနှင့်ပွဲကထက်ပို စွမ်းဆောင်ရည်ပိုကောင်းလာနိုင်ပါတယ်"

"ပြိုင်ဘက် အသင်းရဲ့ အရည်အချင်းကိုလည်း ကျွန်တော်တို့သိပါတယ်။ သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်သလို ဥရောပမှာရှိအကောင်းဆုံးတွေထဲက တစ်သင်းဖြစ်ပါတယ်""အဆုံးသတ်မှာ သေးငယ်တဲ့အချက်အလက်တွေကသာ ပွဲကိုကွာခြားသွားစေမှာဖြစ်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့က မိနစ် ၉၀ လုံးကို အာရုံစိုက်ပြီးကစားရမှာပါ။ ဖြစ်နိုင်သလောက် ဂိုးသွင်းခွင့်တွေကို အကောင်းဆုံး အဆုံးသတ်ရမှာပါ" လို့ ဇာခါက ပြောပါတယ်။

လက်စတာနှင့်ပွဲမှာ အနိုင်ဂိုးတွေကို ပါတေးကသာ သွင်းယူခဲ့တာဖြစ်ပြီး ပေါင် ၄၅ သန်းတန် ကွင်းလယ်ကစားသမားရဲ့ ဒုတိယမြောက်ပွဲလည်းဖြစ်ကာ အသင်းခေါင်းဆောင်လာကာဇတ်တီရဲ့ ဘောက်ဆင်ဒေးပြီးကလည်း ပထမဆုံး ကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။ လာကာဇက်ဟာ အူဘာမီယန်းထံမှ အသင်းခေါင်းဆောင် လက်ပတ်ကို လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံသားရဲ့တန်ဖိုးက အမြဲတမ်းလက်ခံခြင်းမခံခဲ့ရတာဖြစ်ပါတယ်လို့ ဇာခါက ပြောထားပါတယ်။

"ကစားသမားတွေဂိုးသွင်းမှာ ပရိသတ်တွေက သတိထားမိကြတာပါ။ သူတို့တွေက ကွင်းအတွင်းမှာသာမက ကွင်းပြင်ပမှာပါ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို မသိကြပါဘူး""လာကာဇက်က တကယ့်ကိုထူးခြားတဲ့ ကစားသမားပါ။ ပွဲကို ကောင်းကောင်းနားလည်သလို ကောင်းတဲ့အရည်အချင်းလည်း ရှိပါတယ်။ ရက်သတ္တပတ် ၄၊၅၊၆ ပတ်ပြီးနောက်မှာ သူဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို ပရိသတ်တွေနားလည်လာမှာပါ" လို့ ဇာခါက ပြောပါတယ်။

#လီဗာပူး #အာဆင်နယ် #ဇာခါ