ရှေ့သို့
Image

အင်္ဂလန်ရဲ့ အကောင်းဆုံး ဂိုးသမားလို့ ရန်ဒေးစ်ကို ချီးကျူးလိုက်တဲ့ ဘရန်ဒန်ရော်ဂျာ

4:42 PM, 14 March

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်က အာရွန်ရန်ဒေးစ်ဟာ လက်ရှိ အင်္ဂလန်သားတွေထဲတွင် အကောင်းဆုံး ဂိုးသမားလို့ယုံကြည်နေပါတယ်။

လက်စတာကို၂ဂိုးပြတ် အနိုင်ရတဲ့ Emirates ပွဲတွင် အာဆင်နယ် ဂိုးသမားဟာ ကာကွယ်မှုတစ်ချို့နဲ့ လက်စွမ်းပြခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အယ်ဘရိုက်တန်ရဲ့ ဖြတ်တင်ဘောကနေ ဘန်းစ်ရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်မှုအပေါ် ရော်ဂျာကိုယ်တိုင် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော့်အတွက်ကတော့ သူက လက်ရှိအနေအထားမှာ အကောင်းဆုံး အင်္ဂလန်ဂိုးသမားပါပဲ သူက ထိပ်တန်းကစားသမားလို့ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်ကို ရောက်လာပြီးနောက်ပိုင်း သူ တိုးတက်လာတယ် သူက ထိပ်တန်းကလပ်အတွက် ကစားနေတယ် အားလုံးက သူရဲ့ လက်စွမ်းနဲ့ပတ်သက်လို့မတူညီတဲ့ အမြင်တွေ ရှိခဲ့ကြတယ် ခုတော့ သူ ဒါတွေကို ကောင်းစွာ ကိုင်တွယ်ထားနိုင်တယ်လို့ထင်ပါတယ်။ အသင်းကို ခုမှ ရောက်လာတဲပုံစံပေမယ့် တည်ငြိမ်စွာနဲ့ သူကစားပြနေတယ်။ ယခုနှစ်အစောပိုင်းမှာ သူကို ခုန်ပေါက်နေခဲ့တာတွေ မြင်ခဲ့ရတာပါ ဒါပေမဲ့ လက်ရှိမှာတော့ ပွဲအတွင်း သူ အမှန်တကယ် တည်ငြိမ်စွာနဲ့ ကစားနေပါတယ်။ သူခြေထောက်နဲ့ ကောင်းစွာကစားနိုင်သလို ကာကွယ်မှုတွေ လုပ်တယ် ဘန်းစ်ရဲ့ ခေါင်းတိုက်ချက်ကို သူ ကာကွယ်လိုက်တာ ကြည့်ချင်အားဖြင့် သိပ်ကောင်းတဲ့ ကာကွယ်မှုပါ။ ဒါတွေက အာဆင်နယ်ကို တိုက်စစ်မှာ စိတ်ချလက်ချ ဆက်ကစားဖို့ထိန်းထားပေးပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

ဂန်းနားတွေထံ ပေါင်သန်း၃၀ဖြင့် ပြောင်းလာပြီးနောက် ပရိသတ်အများစုက ရန်ဒေးစ်က အာဆင်နယ်မှာ နေရာတစ်နေရာအတွက် ထိုက်တန်မှု မရှိဘူးလို့ယူဆခဲ့ကြပါတယ်။ အထူးသဖြင့် ရန်ဒေးစ် အရင်ကစားခဲ့တဲ့ ဘုန်းမောက်လ်၊ ရှက်ဖီးလ်ယူနိုက်တက်အသင်းတွေဟာ တန်းဆင်းသွားခဲ့ကြပြီး အာဆင်နယ်အသင်းထံ ရောက်လာတဲ့အပေါ် ပရိသတ်တွေက လက်စွမ်းပြနိုင်ပါ့မလားလို့စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ ထင်မှတ်ထားသလို မဟုတ်ဘဲ ရန်ဒေးစ်ဟာ လျင်မြန်စွာဘဲ အာဆင်နယ်အသင်းမှာ နံပါတ်တစ်နေရာရခဲ့ပြီး ၁၂ပွဲအထိ ပေးဂိုးမရှိအောင် ကစားပေးထားခဲ့ပါတယ်။

#လက်စတာ #ရော်ဂျာ #ရန်ဒေးစ်