ရှေ့သို့
Image

ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ အင်ဂျင်တစ်လုံးဖြစ်တယ်လို့ ရန်းနစ်ဆို

12:40 PM, 14 March

ယူနိုက်တက်နည်းပြ ရက်ဖ် ရန်းနစ်က ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ အင်ဂျင်တစ်လုံး ဖြစ်လာနိုင်တယ်လို့ တော့တင်ဟမ်နဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ပ

ေါ်တူဂီသားဟာ တော့တင်ဟမ်ကို ၃-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူကာ ယူနိုက်တက်ကို နိုင်ပွဲရအောင် ကူညီပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အဆင့်၅နေရာမှာ ရှိနေပြီး အဆင့်၄နေရာ အတွက် တိုက်ပွဲဝင်နေကာ ရန်းနစ်က ရော်နယ်ဒိုဟာ အသင်းရဲ့ မောင်းနှင်အားတစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ရန်းနစ်က “ခရစ္စတီယာနိုက အရေးပါတဲ့ ကစားသမားဆိုတာ သေချာပါတယ်။ သူ့ရဲ့ ကျော်ကြားမှုနဲ့ ခုလို အသက်အရွယ်နဲ့ ကစားနိုင်မှုက  အသင်းအပေါ် စိုးမိုးနေပါတယ်။ ဒါပေမဲ့ အခြား တာဝန်ယူတတ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်”“သူ ဒီနေ့လို့ စွမ်းဆောင်ရည်မျိုးနဲ့ဆို ဦးဆောင်သူ ဖြစ်လာနိုင်ပါတယ်။ ဒါမျိုးလည်း စွမ်းဆောင်ရည်မျိုးဆို အင်ဂျင်တစ်လုံး ဖြစ်နိုင်တယ်လို့လည်း ကျွန်တော် ရောက်ကတည်းက သူ့ကို ပြောခဲ့ပါတယ်”

“ဒါပေမဲ့ ကျွန်တော့်မှာ ဖရက်၊ မက်ဂွါရီ၊ ဗာရာနီ၊ လင်ဒီလော့ဖ်တို့လို ကစားသမားမျိုးတွေလည်း ရှိနေပါသေးတယ်။ ၁၀မိနစ်၊ ၁၅မိနစ်လောက်ပဲ ဝင်ကစားတဲ့ ကာဗာနီတောင် သူ အသင်းအတွက် အရေးပါသူဖြစ်တယ်ဆိုတာ ပြသခဲ့ပါတယ်”“သူ ရာသီကုန်ထိ ဆက်ကစားနိုင်ဖို့ မျှော်လင့်ပြီး ပြီးခဲ့တဲ့ အပတ်တွေအတွင်း သူ မရှိတော့ အသင်းအတွက် အဆင်မပြေခဲ့ပါဘူး”လို့ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်