ရှေ့သို့
Image

အနည်းဆုံး ရာသီကုန်ထိ အသင်းမှာ ဆက်ရှိမယ်လို့ပြောပြီး ကောလာဟလတွေကို အဆုံးသတ်လိုက်တဲ့ တူချယ်

10:44 AM, 14 March

သောမက်စ် တူချယ်က ပီတာချက် မရေမရာ ပြောပြီး သိပ်မကြာခင်မှာပဲ ချဲလ်ဆီးမှာ အနည်းဆုံး ရာသီကုန်ထိ ဆက်ရှိသွားမယ်လို့ အတည်ပြုသွားခဲ့ပတယ်။

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂျာမန်သားရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့တာပါ။ ယူနိုက်တက်ကလည်း နည်းပြသစ် ရှာဖွေနေစဉ် တူချယ်ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမဲ့ ရာသီကုန်ထိ ချဲလ်ဆီးမှာ ဆက်ရှိမလားလို့ မေးတဲ့အခါ တူချယ်က “ကျွန်တော် ရာသီကုန်ထိ အသင်းမှာ ဆက်ရှိမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။

တူချယ်မပြောခင် နာရီပိုင်းအလိုမှာ နည်းစနစ်အကြံပေး ပီတာချက်က အေဘရာမိုဗစ်ချ်ကို ပိတ်ဆို့ခြင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘာအာမခံချက်မှု မပေးနိုင်ဘူးလို့ ဝန်ခံထားခဲ့ပါတယ်။ ပီတာက ချဲလ်ဆီးအသင်းရဲ့ အခြေအနေဟာ သူတို့လက်ထဲမှာ မဟုတ်ပဲ တစ်ရက်ချင်း ကျော်ဖြတ်နေကြောင်းသာ ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

#ချဲလ်ဆီး #တူချယ် #အီဘရာဟီမိုဗစ် #ပီတာချက်