ရှေ့သို့
Image

တူချယ်ရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ပီတာချက်

9:22 AM, 14 March

အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်အပေါ် အရေးယူပိတ်ဆို့မှုမျာ ချမှတ်ခြင်းခံခဲ့ရပြီးနောက် တူချယ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာဖို့ သတင်းတွေထွက်နေသော်လည်း အသင်းမှာပဲ ဆက်ရှိနေဖို့ အားကစားဒါရိုက်တာဖြစ်သူ ပီတာချက်က မျှော်လင့်နေပါတယ်။

ဗလာဒီမာပူတင်နှင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် ရုရှားဘီလီယံနာရဲ့ ပိုင်ဆိုင်မှုတွေကို ယခုတစ်ပတ်တွင် ထိန်းသိမ်းခြင်းခံလိုက်ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ အထူးလိုင်စင်ဖြင့် လုပ်ဆောင်နေရကာ ကလပ်ဟာ ကစားသမားတွေများ ဝယ်ယူ ရောင်းချခြင်း၊ ပြိုင်ပွဲနေ့ လက်မှတ်များရောင်းခြင်း၊ ကစားသမားများအား စာချုပ်အသစ်ချုပ်ဆိုခြင်းများ အားလုံးကို တားမြစ်ပိတ်ပင်ခြင်းခံထားရပါတယ်။

တူချယ်ဟာ အနောက်လန်ဒန်မှာ အကောင်းဆုံးလုပ်ဆောင်ထားနိုင်ခဲ့တာဖြစ်သော်လည်း အဆိုပါတားမြစ်မှုများပေါ်ပေါက်လာကတည်းက ယူနိုက်တက်နှင့် ဆက်သွယ်မှုတွေရှိနေကာ ရန်းနစ်ကလည်း သူ့ကို အိုးထရက်ဖို့ဒ်မှာ နည်းပြအဖြစ် ခန့်အပ်လိုနေတာဖြစ်ပါတယ်။

ကလပ်ရဲ့အနာဂတ်က မသေချာမှုတွေရှိနေပြီး ကလပ်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းမှုတွေကို နယူးကာဆယ်နှင့်ကစားမယ့်ပွဲမတိုင်ခင် ပီတာချက်က ဖြေကြားခဲ့ပါတယ်။ တူချယ်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပီတာချက်က လက်ရှိစာချုပ်တွေအားလုံးက အသက်ဝင်နေသေးတာဖြစ်ပြီး ဂျာမန်သားကလည်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။

"သောမက်စ်က ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာပါ။ စာချုပ်က အသက်ဝင်နေသေးတာဖြစ်ကြောင်း ကျွန်တော်တို့ ဆွေးနွေးပြီးပြီလည်းဖြစ်ပါတယ်""သူ့ကိုအသင်းရဲ့နည်းပြအဖြစ် ဆက်ရှိနေဖို့မျှော်လင့်ပြီး သူဟာ အဆင့်ဆင့်တိုင်းမှာ အကောင်းဆုံးလုပ်ဆောင်ထားနိုင်ခဲ့သော်လည်း မနက်မှာဆိုရင်တောင် အခြေအနေတွေက ပြောင်းလဲသွားနိုင်တာကြောင့် ကျွန်တော့်ရဲ့အဖြေကလည်း ဆီလျော်မှုမရှိသွားနိုင်တာလည်းဖြစ်ပါတယ်" လို့ ချက်က SkySprots သို့ပြောပါတယ်။

အေဗရာမိုဗစ်ချ်ထံကနေ တော်တော်များများက ချဲလ်ဆီးကို ဝယ်ယူချင်နေကြတာဖြစ်ပြီး ဆိုပါကိစ္စကနေ ရုရှားနိုင်ငံသား အကျိုးအမြတ်မရရှိသွားစေဖို့ ရောင်းချမှုကို ယူကေအစိုးရက ခွင့်ပြုသွားဖို့ရှိနေပါတယ်။ ဗြိတိန်စီးပွားရေးသမား နစ်ကန်ဒီက ကလပ်ကိုဝယ်ယူဖို့ ရေပန်းစားနေတာဖြစ်ပြီး သူ့ရဲ့ကမ်းလှမ်းမှုကို ဘုတ်အဖွဲ့ကလည်း လက်ခံမယ်လို့ ပြောဆိုထားပါတယ်။ ချက်က ကလပ်ရဲ့တန်ဖိုးအကြောင်းကို ပြောဆိုခဲ့ပြီး ပိုင်ရှင်အသစ်ဟာ အေဗရာမိုဗစ်ရဲ့လက်အောက်မှာ ၁၉နှစ်တာရှိခဲ့ပြီး သမိုင်းကြောင်းကြီးမားတဲ့ ကလပ်ကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်လို့ ပြောထားပါတယ်။

"ချဲလ်ဆီးဘောလုံးအသင်းရဲ့သက်တမ်းက ၁၁၇ နှစ်ရှိပြီဖြစ်ပြီး အောင်မြင်မှုများစွာကိုလည်းရရှိထားကာ အဆိုပါအောင်မြင်မှုတွေကလည်း အသင်းစတင်တည်ထောင်ကတည်းက ကြိုးစားလုပ်ဆောင်ခဲ့လို့ဖြစ်ပါတယ်""ကိုယ်ပိုင်သမိုင်းကြောင်း ကိုယ်ပိုင်အောင်မြင်မှုနှင့် လွန်ခဲ့တဲ့ ၁၉နှစ်က ကြိုးစားခဲ့တဲ့တာတွေကို လူတွေက မေ့ပစ်လိုက်ဖို့ ကြိုးစားနေကြာတာကို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုအောင်မြင်ခဲ့တာက ငွေကြေးကြောင့်မဟုတ်ပါဘူး၊ ကြိုးစားမှုတွေ၊ ကစားသမားတွေက နေ့တိုင်း ကြိုစားခဲ့ကြတာဖြစ်သလို အောင်မြင်မှုရရှိအောင်လည်း နောက်ကွယ်ကနေ ကြိုးစားပေးကြတဲ့ သူတွေလည်းရှိပါတယ်" "ကျွန်တော်တို့အားလုံးက ချမှတ်ထားတဲ့ စည်းမျဉ်းများနှင့် ဘဏ္ဍာရေးမျှတမှုတို့ကြားလုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့အားလုံး လုပ်ဆောင်ခဲ့တဲ့အရာရာတိုင်းကိုတော့ မေ့လို့ရမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်" လို့ ပီတာချက်က ပြောပါတယ်။

#ချဲလ်ဆီး #တူချယ် #ပီတာချက် #အေဘရာမိုဗစ်ချ်