ရှေ့သို့
Image

ရန်နစ်နဲ့ပါအလုပ်တွဲလုပ်နိုင်ဖို့ ပလန်ချပြီးအသင့်ပြင်နေတဲ့ တန်ဟတ်

4:57 PM, 13 March

အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်ကတော့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးဖို့ ရယူဖို့ အသင့်ဖြစ်နေပြီး ယာယီနည်းပြရာ့ဖ်ရန်နစ်နဲ့ပါ အလုပ်တွဲလုပ်နိုင်ဖို့ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ ယူနိုက်တက်ဟာ နွေရာသီမှာ ရန်နစ်ရဲ့နေရာကို အစားဝင်မယ့်နည်းပြတစ်ဦးကို ရှာဖွေလျက်ရှိပြီး တန်ဟတ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့ကတော့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ 

သတင်းတွေအရတော့ တန်ဟတ်ဟာ အခုဆိုရင် နယ်သာလန်ကလပ်ကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေပြီး ကမ္ဘာ့အကောင်းဆုံးနည်းပြတွေရှိရာ ပရီးမီးယားလိဂ်မှာ သူ့ကိုယ်သူစမ်းသပ်ချင်နေပါတယ်။ ၅၂ နှစ်အရွယ် နည်းပြကြီးဟာ အေဂျက်စ်ကို ၂၀၁၇ ကတည်းက စတင်တာဝန်ယူခဲ့ပြီး ကမ္ဘာကျော်ကစားသမား အများအပြား မွေးထုတ်နိုင်ခဲ့ပါတယ်။ 

လက်ရှိယူနိုက်တက် ယာယီနည်းပြရန်နစ်ဟာ နွေရာသီမှာ အသင်းရဲ့ အုပ်ချုပ်မှုပိုင်းကို ပြောင်းမှာဖြစ်ပေမယ့် တန်ဟတ်ကတော့ လိုက်ပ်ဇစ်နည်းပြဟောင်းကို သူ့ရဲ့နည်းစနစ်ပိုင်းတွေမှာလည်း အကြံပေးဖို့မျှော်လင့်နေပါတယ်။ နယ်သာလန်သားနည်းပြဟာ အေဂျက်စ်မှာ နည်းစနစ်ဒါရိုက်တာ မာ့ခ်အိုဗားမားနဲ့ အလုပ်တွဲလုပ်ခဲ့သူ ဖြစ်ပါတယ်။ ရန်နစ်ကိုယ်တိုင်ကလည်း သူ့ရဲ့ဆက်ခံသူကို ရွေးချယ်ထားပြီး တန်ဟတ်ကို သဘောကျသူလည်း ဖြစ်ပါတယ်။ 

တန်ဟတ်ကတော့ “ ကျွန်တော့်စိတ်ကူးအရဆိုရင် မာ့ခ်ကို အရန်ခုံမှာရှိစေချင်ပါတယ်။ ဒါကိုနှစ်ခါပြန် စဉ်းစားနေဖို့မလိုပါဘူး။ ဂျာမနီမှာကတည်းက ဒီလိုတည်ဆောက်ပံကို ကျွန်တော်ယုံကြည်ခဲ့တာပါ။ နည်းပြတစ်ယောက်အနေနဲ့ ဘိုင်ယန်မြူးနစ်မှာတုန်းက အမြင့်ဆုံးနည်းစနစ်ပိုင်းတွေကို သင်ယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နည်းပြဖြစ်ဖြစ် မန်နေဂျာဖြစ်ဖြစ် ပိုကောင်းတဲ့ နည်းစနစ်တွေ သင်ယူနိုင်ဖို့က ခက်ပါတယ်။ 

ကျွန်တော်ဂျာမန်ကစားဟန်ကို ကြိုက်တယ်၊ အထူးသဖြင့် ကိုယ့်အသင်းက အားကစားဒါရိုက်တာက ကိုယ်နဲ့အတူ အရန်ခုံမှာ ရှိနေတာမျိုးပေါ့။ အသင်းမှာ အားကစားဒါရိုက်တာကောင်းတစ်ယောက် ရှိတယ်ဆိုရင် အဲ့လူက အသင်းက နည်းပြကို နားပူနားဆာ အမြဲလုပ်နေဖို့လိုပါတယ်။ ဒါမှအသင်းက ကွင်းတွင်းကွင်းပြင် ပိုအောင်မြင်နိုင်ပါလိမ့်မယ် ”  လို့ ပြောခဲ့ဖူးပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ရန်နစ်