ရှေ့သို့
Image

မိုဗစ်ကို ပိတ်ဆို့မှုချမှတ်ခဲ့ပြီးနောက် “Leave our club aloneဆိုပြီး ကွင်းအပြင်ဘက်မှာ ဆေးမှုတ်ပြီး တောင်းဆိုခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်များ

11:43 AM, 13 March

ချဲလ်ဆီးအသင်းပရိသတ်တွေကတော့ ယူကေအစိုးရရဲ့ ပိတ်ဆို့မှုကြောင့် အသင်းပိုင်ရှင် မိုဗစ်ကို ကွင်းပြင်ပမှာ ဆေးမှုတ်ပြီး တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ယူကေအစိုးရဟာ ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ကို ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး ပိတ်ဆို့မှုတွေအပြင် အသင်းရောင်းချခွင့်ကို ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

သွေးရောင်မှုတ်ဆေးဘူးတွေနဲ့ ချဲလ်ဆီးအသင်းပရိသတ်တွေက ခြယ်သခဲ့ကြပြီး “Leave our club alone” နဲ့  “Europe is funding the war –not CFC” လို့ စပရေးဘူးတွေနဲ့ ခြယ်သခဲ့ကြပါတယ်။

ချဲလ်ဆီးဟာ အစိုးရရဲ့အထူးလိုင်စင်ကြောင့် ပွဲစဉ်တွေ ဆက်ကစားခွင့်ရရှိနေပြီး နောဝစ်ချ်နဲ့ပွဲတုန်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် တူချယ်က ကစားသမားတွေ နဲ့ ဝန်ထမ်းတွေဟာ အခြေအနေကြောင့် ထိတ်လန့်တုန်လှုပ်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

တကယ်လို့ မိုဗစ်အနေနဲ့ အသင်းကို ၈၁ ရက်အတွင်း မရောင်းချဘူးဆိုရင် အသင်းက ပိတ်သိမ်းရမယ့်အရေးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

လက်ရှိမှာ အထူးလိုင်စင်ကြောင့် ချဲလ်ဆီးက ကစားခွင့် ဆက်လက်ရရှိနေပေမယ့် ရုရှားသူဌေးအနေနဲ့ အသင်းကို မရောင်းချနိုင်ဘူးဆိုရင် အထူးလိုင်စင်က ဆက်လက်ရရှိဖွယ်မရှိတာဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ အထူးလိုင်စင်ဟာ မေလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ ရောင်းချဖို့ အလျင်အမြန်လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

အခြေအနေက ချဲလ်ဆီးပရိသတ်တွေအတွက် ခက်ခဲလာနိုင်ပြီး မိုဗစ်လက်အောက်မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေမှာ တစ်ရာသီစာလက်မှတ်တွေ ရှိနေတာကြောင့် အိမ်ကွင်းပွဲတွေကို ကြည့်ရှုနိုင်မှာဖြစ်ပေမယ့် အခြားလက်မှတ်တွေ ရောင်းချခွင့် ပိတ်ပင်ခံထားရပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ အခြားကုန်ပစ္စည်းတွေကို တရားဝင်အရောင်းဆိုင်ကနေ ရောင်းချခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။

#ချဲလ်ဆီး #နောဝစ်ချ် #ရုရှား #အေဘရာမိုဗစ်ချ်