ရှေ့သို့
Image

တော့တင်ဟမ်မှာပွဲက စွမ်းဆောင်ရည်ဟာ သူရောက်လာပြီးနောက်ပိုင်း ရော်နယ်ဒိုရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်တယ်လို့ ရန်းနစ်ဆို

8:37 AM, 13 March

ရက်ဖ် ရန်းနစ်ဟာ ယမန်နေ့ည တော့တင်ဟမ်နဲ့ပွဲစဉ်က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းယူမှုကို မြင်တွေ့ခဲ့ပြီးနောက် သူ ပေါ်တူဂီကို အပတ်တိုင်းသွားသင့်တယ်ထင်တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ ပွဲစဉ်မှာ တင်ပါးဆုံဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် ယခုအပတ် တော့တင်ဟမ်နဲ့ပွဲမှာတော့ ပြန်လာခဲ့ကာ လေ့ကျင့်ခန်းဆင်းချိန် ၂ရက်သာ ရှိခဲ့ပေမဲ့ ဟက်ထရစ်သွင်းယူခဲ့ကာ ယူနိုက်တက်ကို ၃-၂ဂိုးနဲ့ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။

ရန်းနစ်က ရော်နယ်ဒိုကို ကိုင်တွယ်ရတာဟာ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ရန်းနစ်က "ကျွန်တော်တို့ ခုပဲ စနောက်နေတာပါ။ သူ့ကို ပေါ်တူဂီ ၃ရက်လောက် ပြန်ပို့လိုက်ပြီး လေ့ကျင့်ခန်း ၂ရက်လောက် မဆင်းခိုင်းမလားလို့။ ပြီးတော့ ကြာသပတေးနေ့ကျမှ လေ့ကျင့်ခန်းဆင်းပေါ့။ အဲ့လိုအခြေအနေမှာ သူ စွမ်းဆောင်ရည်ကောင်းတယ်ဆိုရင် ရာသီကုန်ထိ အဲ့ဒီအတိုင်း ဆက်လုပ်ရမယ်ထင်တယ်"

"သူက ကြာသပတေးနေ့ လေ့ကျင့်ခန်းအစီအစဉ်ကအတိုင်း ကစားနိုင်ခဲ့ပြီး အဲ့ဒါကြောင့်လည်း ကျွန်တော် သူ့ကို ပွဲစကတည်းကသုံးဖို့ ဆုံးဖြတ်ခဲ့တာပါ"

"သူက ဟက်ထရစ်တင် မကပဲ ပွဲအဖြေကို လုံး၀ ပြောင်းနိုင်သူတစ်ယောက်ပါ။ အနည်းဆုံး ကျွန်တော် ရောက်လာပြီးချိန်ကနေစပြီး သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို တွေ့ခဲ့ရတာပါပဲ"လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုလို ကစားသမားမျိုးကို ကိုင်တွယ်ရတဲ့အကြောင်း မေးမြန်းရာမှာ ရန်းနစ်က 

"ဟုတ်ပါတယ်။ သူ့လို ကစားသမားမျိုးကို ကိုင်တွယ်ရတာက စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါပေမဲ့ သူက ယူနိုက်တက်လိုအသင်းမျိုးမှာ ကစားနိုင်တယ်ဆိုတဲ့ အရည်အသွေးမျိုး ပြသထားနိုင်ခဲ့ပါတယ်။ ရာသီကုန် အောင်မြင်ချင်ရင် ကျွန်တော်တို့ အတူတကွ ကြိုးစားရပါမယ်"လို့ ပြောခဲ့ပါတယ်။

ပေါ့ဂ်ဘာကလည်း သွင်းဂိုး ၈၀၇ဂိုးနဲ့အတူ ဖီဖာသမိုင်းတစ်လျောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာတဲ့ အသင်းဖော် ရော်နယ်ဒိုကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရော်နယ်ဒို #ရန်းနစ်