ရှေ့သို့
Image

ပိတ်ဆို့မှု ခံရပေမယ့်လည်း ချဲလ်ဆီးဟာ ကွင်းထဲမှာ အခြေအနေကောင်းနေတယ်လို့ နယူးကာဆယ်နည်းပြ ဟိုဝီ ပြောကြား

2:35 PM, 12 March

နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက ချဲလ်ဆီးအသင်းဟာ ဗြိတိန်အစိုးရရဲ့ပိတ်ဆို့မှုခံရပေမယ့်လည်း ဒီရာသီကွင်းထဲမှာ ခြေစွမ်းတည်ငြိမ်နေဆဲဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဟိုဝီရဲ့ နယူးကာဆယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ယူကရိန်း - ရုရှားအရေးပြီးနောက်ဒုတိယပွဲကို ကစားရမှာဖြစ်ပါတယ်။

ပိတ်ဆို့မှုကြောင့် ကစားသမားအသစ်ခေါ်ယူဖို့ ၊ စာချုပ်သစ် ချုပ်ဆိုမှု နဲ့ လက်မှတ်ရောင်းချမှုတွေကို ထိခိုက်လာဖွယ်ရှိနေပါတယ်။ နောဝစ်ချ်နဲ့ပွဲအပြီးမှာ တူချယ်က ပိတ်ဆို့မှုတွေကြောင့် အဓိကကစားသမားတွေကို လက်လွှတ်ရမှာ စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သောကြာနေ့တုန်းက ဖေဖော်ဝါရီလတလတာအကောင်းဆုံးနည်းပြဆုရခဲ့တဲ့ ဟိုဝီက တတိယနေရာက ချဲလ်ဆီးကို အကောင်းဆုံးအားပြိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ချဲလ်ဆီးက အခြေအနေအကောင်းဆုံးအနေအထားမှာရှိနေဆဲပါ။ ကျွန်တော်တို့အတွက်တော့ ပြင်ဆင်မှုတွေက မပြောင်းလဲပါဘူး။ ချဲလ်ဆီးသမိုင်းကြောင်းကို ကျွန်တော်ကြည့်ဖြစ်ပါတယ်။ သူတို့က ပွဲတပွဲကို သေချာပြင်ဆင်ပြီးလာတာပါ။ ပိတ်ဆို့မှုကြောင့်လည်း ခြေစွမ်းကို မထိခိုက်ပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကလည်း မိုဗစ်က ပိတ်ဆို့တာက ချဲလ်ဆီးအတွက် ခက်ခဲစေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #ဟိုဝီ