ရှေ့သို့
Image

အေဘရာမိုဗစ်ကို ပိတ်ဆို့တဲ့ ဗြိတိန်အစိုးရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ကလော့ပ် ထောက်ခံပြောကြား

2:15 PM, 12 March

လီဗာပူးနည်းပြ ကလော့ပ်က အစိုးရအနေနဲ့ ချဲလ်ဆီးအသင်း ပိုင်ရှင် မိုဗစ်ကို ပိတ်ဆို့မှု ချမှတ်တာက မှန်ကန်တယ်လို့ ယုံကြည်နေပေမယ့် ချဲလ်ဆီးအသင်းဝန်ထမ်းတွေကို အဆိုပါပိတ်ဆို့မှုရလဒ် ခံစားရမှာကို မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မနေ့တုန်းက ချဲလ်ဆီးအသင်းကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ ၊ စာချုပ်သစ်ကိစ္စ  နဲ့ အသင်းရောင်းချရေးကိစ္စတွေကို ပိတ်ပင်ခဲ့ပါတယ်။ ပရိသတ်တွေအတွက် အထိခိုက်ဆုံးက ပွဲစဉ်တွေအတွက် လက်မှတ်တွေ ရောင်းချခွင့်ပိတ်ပင်ခံရတာဖြစ်ပြီး အနာဂတ်က မသေချာတဲ့အနေအထားဖြစ်လာပါတယ်။

ဘရိုက်တန်နဲ့ပွဲမတိုင် သတင်းစာရှင်းပွဲမှာ ကလော့ပ်က ပိတ်ဆို့မှုတွေက အသင်းရဲ့ဝန်ထမ်းတွေကို ထိခိုက်မှာ စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ချဲလ်ဆီးအသင်းဝန်ထမ်းတွေရဲ့အခြေအနေက အသင်းမှာ လုံးဝတာဝန်ရှိပါတယ်။ အဓိကတရားခံက ဗလာဒီမာပူတင်ပါ။ မိုဗစ်ရဲ့အနေအထားကို ကျွန်တော် မသိပါဘူ။ ဒါပေမယ့် နှစ်တွေတော်တော်ကြာ သူအသင်းကို တည်ဆောက်ပေးခဲ့တာ သိပါတယ်။ ဗြိတိန်အစိုးရရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အဲ့တာက ချဲလ်ဆီးအသင်းဝန်ထမ်းတွေနဲ့ ပရိသတ်တွေကို ထိခိုက်မှာတော့ မလိုလားပါဘူး”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

လိုင်စင်ကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ပွဲကျင်းပဖို့ အသုံးပြုမယ့်အနေအထား နဲ့ အဝေးကွင်းပွဲတွေ သွားကစားချိန် ကန့်သတ်ချက်တွေရှိလာနိုင်ပါတယ်။ ချဲလ်ဆီးဟာ ကြာသပတေးနေ့ညတုန်းက နောဝစ်ချ်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး တူချယ်က ကွင်းထဲမှာ အကုန်လုံးအာရုံစူးစိုက်မှုှုရအောင် လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

“အကျီတွေ နဲ့ ပွဲကို ပို့ဆောင်ပေးဖို့ ဘတ်စ်ကားတွေရှိနေသမျှ ကျွန်တော်တို့ အကောင်းဆုံးအားပြိုင်သွားမှာပါ။ တစ်နေ့ချင်း ဖြတ်ကျော်နေပါတယ်။ မနေ့က ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မသိတော့သလို မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာလည်း မသိပါဘူူး”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ချဲလ်ဆီး #ကလော့ပ် #အေဘရာမိုဗစ်ချ်