ရှေ့သို့
Image

ချဲလ်ဆီးကို ရောင်းချခွင့်နဲ့ပတ်သက်ပြီး အစိုးရနဲ့သဘောတူညီမှု ရခဲ့တဲ့ အေဘရာမိုဗစ်ချ်

1:32 PM, 12 March

ချဲလ်ဆီးအသင်းအား သင့်တော်တဲ့ ပိုင်ရှင်နဲ့ တွေ့ရင် ရောင်းချပေးသွားမည်ဟု အစိုးရနဲ့အေဘရာမိုဗစ်တို့ကြား သဘောတူညီမှု ရခဲ့ပြီး အသင်းကိုလည်း တတ်နိုင်သမျှ မြန်ဆန်စွာ ရောင်းချသွားမည် ဖြစ်ပါတယ်။ ယူကေရဲ့ ပိတ်ဆို့အရေးယူမှုအရ အေဘရာမိုဗစ်ချ်ဟာ လက်ရှိအချိန် ချဲလ်ဆီးကို ရောင်းချခွင့်မပြုထားပေမယ့် အစိုးရက ကလပ်ကို ရောင်းချဖို့အရေး အထူးလိုင်စင် ထုတ်ပေးသွားဖို့ရှိနေပါတယ်။

အနည်းဆုံး ချဲလ်ဆီးကို ဝယ်ယူဖို့စိတ်ဝင်စားသူဟာ ၁၀ဦးခန့်ရှိနေပြီး ရောင်းဝယ်မှုကို ကိုင်တွယ်သွားမည့် Investment ဘဏ် The Raine Group နဲ့ ချိတ်ဆက်မှု လုပ်နေကြပါတယ်။ အထူးသဖြင့် အစိုးရ ကတိပြုထားခဲ့သည်မှာ ချဲလ်ဆီးကလပ်အတွက် အကောင်းဆုံးအကျိုးစီးပွားကို ဂရုစိုက်မည့် ရေရှည်ပိုင်ရှင်တစ်ဦး လက်ထဲကိုသာ အပ်သွားမည်ဟု ဆိုသည်။ အစိုးရက ချဲလ်ဆီးအသင်းအပေါ်မှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တစ်ချို့ကို ပြန်လည်ပြင်ဆင်ပေးဖို့စဉ်းစားနေပြီး ကလပ်အနေနဲ့လည်း စီးပွားရေးအရ ဆက်လက်လုပ်ကိုင်သွားနိုင်ရန် ရည်ရွယ်ထားပါတယ်။

လက်ရှိအနေအထားတွေကတော့ ချဲလ်ဆီးဟာ မည့်သည်လက်မှတ်၊ ပစ္စည်းကိုမှ ရောင်းချခွင့် မရဘဲ ဖြစ်နေပါတယ်။ အိမ်ကွင်းပွဲတွေကို ပေါင်၅သိန်းသာ အသုံးပြုခွင့်ပေးထားပြီး အဝေးကွင်းပွဲတွေကိုလည်း ခရီးသွားလာရေးစရိတ် ပေါင်၂သောင်းသာ သတ်မှတ်ထားသည်။

ချဲလ်ဆီးအသင်းဘက်ကလည်း အစိုးရဖက်က ချမှတ်ထားတဲ့ အသင်းအပေါ် ကန့်သတ်ချက်တွေကို ပြန်ကြည့်ပေးဖို့တောင်းဆိုထားပါတယ်။ ဒါကို အစိုးရကလည်း သဘောတူညီနိုင်ပြီး ဘောလုံးနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပေးသွားဖို့ရှိနေကြောင်း သတင်းကောင်း ထွက်ပေါ်လာပါတယ်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ်