ရှေ့သို့
Image

ချဲလ်ဆီးရဲ့ credit cards တွေကို ယာယီဆိုင်းငံ့လိုက်တဲ့ ဘာကလေ

1:23 PM, 12 March

ယူကေအစိုးရမှ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်အပေါ် အရေးယူပိတ်ဆို့မှုကြောင့် ဘာကလေဟာ ချဲလ်ဆီးအသင်းရဲ့ အကြွေးဝယ်ကတ်တွေကို ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ ဒါကြောင့် အကြွေးဝယ်ကတ်တွေ ရှိထားတဲ့ ချဲလ်ဆီးဝန်ထမ်းတွေဟာ အဆိုပါကို လတ်တလော အသုံးပြုခွင့် မရနိုင်ပါ။

ဘာကလေက အဆိုပါကတ်တွေကို ခေတ္တရပ်ဆိုင်းထားသော်လည်း ချဲလ်ဆီးအသင်းကတော့ ဘဏ်အကောင့်ဟာ လည်ပတ်နေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ ဘဏ်များက သူတို့ရဲ့ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်ကို အကဲဖြတ်နေစဉ် ချဲလ်ဆီးရဲ့ အကောင့်များစွာ ယာယီဆိုင်းငံ့ထားကြောင်း Press Association က ထုတ်ပြန်ပါတယ်။

ယူကေအစိုးရက အေဘရာမိုဗစ်ရဲ့ စီးပွားရေးလုပ်ငန်းများစွာ၊ခရီးသွားလာရေး၊ သယ်ယူပိုဆောင်ရေးအားလုံးကို ပိတ်ဆို့ထားပြီး ချဲလ်ဆီးကတော့ ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွတ်နိုင်ဖို့လိုင်စင်ရှိထားပါတယ်။ အသက်၅၅နှစ်သားရဲ့ အဓိကငွေဝင်မငတွေကို ပိတ်ဆို့ထားတာဖြစ်သော်လည်း အစိုးရက ချဲလ်ဆီးရဲ့ အထူးလိုင်စင်ကြောင့် ဝန်ထမ်းများကို အခကြေးငွေပေးဆောင်ခြင်း၊ လက်မှတ်ကိုင်ထားသူတွေကို ပွဲကြည့်ခွင့်ရှိခြင်းတွေ ပေးထားပါတယ်။

သို့သော်လည်း ချဲလ်ဆီး အသင်းဟာ ကစားသမားများ ၊ ဝန်ထမ်းများအား စာချုပ်သစ်များ ကမ်းလှမ်းခြင်း၊ အပြောင်းအရွှေ့လုပ်ငန်းလုပ်ဆောင်ခြင်း၊ ပွဲစဉ်များအတွက် လက်မှတ်အသစ်များ ရောင်းချခြင်း မပြုလုပ်နိုင်ပါ။ လက်ရှိအနေိအထားတွင် အစိုးရက ချဲလ်ဆီးကို အတတ်နိုင်ဆုံး ရောင်းထုတ်စေချင်ပြီး ရရှိလာမယ့်ငွေတွေကိုတော့ အေဘရာမိုဗစ်ချ်က အကျိုးအမြတ်ရရှိသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ်