ရှေ့သို့
Image

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ ရိုက်ခတ်မှုတွေကြောင့် သေချာအာရုံစိုက်ကစားဖို့ခက်ခဲခဲ့ပါတယ် - မေဆင်မောင့်

5:09 PM, 11 March

ယူကေအစိုးရရဲ့ ပိုင်ရှင်အေဘရာမိုဗစ်ချ်အပေါ် အရေးယူပိတ်ဆို့မှုတွေကြောင့် ချဲလ်ဆီးကစားသမားတွေဟာ အဆိုပါရိုက်ခတ်မှုအပေါ် ရှောင်လွှားဖို့ ခဲယဉ်းခဲ့ကြောင်း ကွင်းလယ်လူ မေဆင်မောင့်က ဝန်ခံပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အရေးယူပိတ်ဆို့မှုတွင် ပွဲစဉ်လက်မှတ်များနှင့် ပစ္စည်းများ ရောင်းချခွင့် မရတော့သလို အကျီစပွန်ဆာ three ဟာလည်း စာချုပ်ဖျက်သိမ်းထားပါတယ်။ နောဝစ်ချ်ကို ၃-၁ဂိုးဖြင့် နိုင်တဲ့ပွဲတွင် မောင့်ဟာ ချာလိုဘတ်ရဲ့ ဂိုးအား ဖန်တီးပေးခဲ့သလို ၁၁မိနစ်အကြာတွင် ကိုယ်တိုင်လည်း ဂိုးသွင်းယူခဲ့ပါတယ်။

“လွယ်တော့မလွယ်ကူခဲ့ဘူး နောက်ကွယ်မှာ ဘာတွေဖြစ်နေသလဲ ကျွန်တော်တို့မြင်ရပါတယ် အားလုံးက ဆက်သွားနေတယ် ဒါတွေက အာရုံစိုက်ဖို့အတော်ခက်နိုင်ပါတယ် ကွင်းပြင်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးတွေကြောင့် ကျွန်တော်တို့အတွက် ဒီပွဲကို အနိုင်ရအောင် အာရုံစိုက်ခဲ့ရပါတယ် အသင်းက ကစားပုံကောင်းခဲ့တယ်လို့ထင်ပါတယ်။ ကွင်းထဲမှာ ဘာတွေလုပ်နိုင်သလဲဆိုတာကိုဘဲ သေချာ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ရည်မှန်းချက်ပါ”ဟု ဆိုသည်။

“ဒီလိုကိစ္စတွေ အများကြီး ဖြစ်ပျက်နေလို့ သင်အနေနဲ့ ရှောင်လွဲလို့မရပါဘူး ကွင်းထဲမှာ လုပ်နိုင်တာတွေကို အာရုံစိုက်ရမှာပါ။ ဒီကနေ့မှာ ပွဲရှိတဲ့အတွက် ကျွန်တော်တို့ဒါကိုဘဲ အာရုံစိုက်ရမယ့်အရာ ဖြစ်ခဲ့တယ်။ ဒီကနေ့မှာ ကျွန်တော်တို့စွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိမှာတော့ တနင်္ဂနွေပွဲကို အာရုံစိုက်ပါမယ်။ သင်အနေနဲ့ အများကြီး အာရုံမစိုက်ရအောင် ကြိုးစားရမှာပါ။ အရေးကြီးဆုံးက နိုင်ပွဲပါပဲ။ ကျွန်တော့်အတွက် ပုဂ္ဂိုလ်ရေးအရ ဂိုးသွင်းဖို့ပါပဲ ဒီခံစားချက်က ကောင်းပါတယ်။ ကျွန်တော် ဂိုးသွင်းနိုင်လေ ပိုပြီး ပျော်ရွှင်ရလေပါ နိုင်ပွဲရတဲ့အတွက်လည်း ကျွန်တော်ပျော်ပါတယ်။ ကျွန်တော် ဒီမှာ နောက်ဆုံး ကစားတဲ့ ၃ပွဲစလုံးကို ဂိုးသွင်းခဲ့တယ် ဒါကြောင့် တကယ့်ကို ကောင်းမွန်ပါတယ်။ ဒီကနေ့မှာလည်း ပျော်ခဲ့ရပါတယ် အစောပိုင်းသွင်းဂိုးရတဲ့အတွက် စိတ်သက်သာရပါတယ်။ ကျွန်တော့်အတွက် ကစားရတာကောင်းတဲ့ ကွင်းကောင်းတစ်ကွင်းလည်း ဖြစ်ခဲ့ပါတယ်”ဟု ဆိုသည်။

ချဲလ်ဆီးအသင်းဟာ လီဗာပူးရဲ့နောက် ၇မှတ်အကွာ အဆင့်၄နေရာက အာဆင်နယ်နဲ့ ၈မှတ် အကွာတွင် ရှိနေပါတယ်။ လာမယ့်တနင်္ဂနွေမှာတော့ နယူးကာဆယ်ကို အိမ်ကွင်းမှာ ချဲလ်ဆီး ဧည်ခံရမှာ ဖြစ်ပါတယ်။

“တွန်းအားပေးကစားနေတဲ့ အသင်းတွေ ရှိပါတယ်။ ပွဲတွေ ဘယ်လောက်ကစာားထားပြီးပြီလဲ မသိပါဘူး ဒါပေမဲ့ သူတို့ကတော့ လာနေပြီ။ ဆက်လက်သွားနိုင်ဖို့အာရုံစိုက်နေဖို့လိုပါတယ်။ ဒုတိယနေရာရဖို့ ခက်ခဲကောင်းခက်ခဲမှာပါ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ ဒီအတွက်လည်း ဆက်လက် တွန်းအားပေးသွားဖို့လိုအပ်ပါတယ်”



#ချဲလ်ဆီး #မေဆင်မောင့် #အေဘရာမိုဗစ်ချ်