ရှေ့သို့
Image

ဘာနာဒိုဆေးလ်ဗားဟာ ဘော်လွန်းဒီအော်ဆု ဘယ်တော့မှရမှာမဟုတ်ကြောင်း ဂွါဒီယိုလာ ပြောကြား

4:19 PM, 11 March

ဘရာဇီးဂန္ထဝင် ဇီရောဘတ်တိုက ပေါ်တူဂီသားဟာ လက်ရှိကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘာနာဒိုဟာ သူရဲ့အခြေအနေကြောင့် ဘော်လွန်းဒီအော်ဆုကို ဘယ်တော့မှရမှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဘရာဇီးအိုင်ကွန် ရောဘတ်တိုက ဆေးလ်ဗားကို လက်ရှိအကောင်းဆုံးကစားသမားအဖြစ် ကင်ပွန်းတပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက အခြေအနေကို အမှန်အတိုင်း မသိဘူးလို့ ပြောကြားလိုက်ပြီး ဆေးလ်ဗားဟာ နေရာ ၆ နေရာလောက် ကစားနိုင်စွမ်းရှိတယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

“ဇီရောဘတ်တိုရဲ့ပြောကြားချက်ကို ကျွန်တော်ကြိုက်ပါတယ်။ ဂျာမနီမှာ ကစားကတည်းက သူက ကျွန်တော် အကြိုက်ဆုံး ကစားသမားပါတယ်။ ထိပ်တန်းအရည်အချင်းရှိနေတုန်းပါပဲ။ ဘာက ကမ္ဘာ့အကောင်းဆုံးလားဆိုတာ ကျွန်တော် မသိပါဘူး။ ပြီးတော့ ဂရုလည်း မစိုက်ပါဘူး။ ကျွန်တော်မြင်တာက သူက တကယ်ကောင်းတဲ့ကစားသမားပါ။ သူနဲ့ လက်တွဲအလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ တိုက်စစ်ကော ခံစစ်ကော သူက အရာအားလုံး လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဒါပေမယ့် လူမှုှုမီဒီယာကြောင့် သူက ဘော်လွန်းဒီအော်ဆုကို မရလောက်ပါဘူး။ သူက ဂိုးတွေအများကြီး သွင်းနိုင်စွမ်းရှိပါတယ်။ တစ်နေ့မှာ အဲ့တာဖြစ်လာမယ်ဆိုရင် ကျွန်တော် ပျော်မိမှာပါ။ သူက အခြားထိပ်တန်းကစားသမားတွေနဲ့ ဆင်တူပါတယ်။ တစ်နေ့မှာ သူဘော်လွန်းဒီအော်ဆုရနိုင်လောက်ပါတယ်။ အတွေ့အကြုံတွေက သူ့ကိုပိုကောင်းလာစေပါတယ်။ ကျွန်တော့်အတွက်တော့ သူက အရာအားလံုံးလုပ်ဆောင်နိုင်တဲ့သူပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားဟာ ဒီရာသီတိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းအပြင်  နေရာစုံမှာ ကစားနေကာ ပြိုင်ပွဲစုံ ၃၇ ပွဲမှာ ၁၀ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက အချက်အလက်တွေက ကစားသမားရဲ့ စွမ်းဆောင်ရည်ကို မဖော်ပြဘူးလို့  ပြောကြားခဲ့ပါတယ်။

“နည်းစနစ်ပိုင်းထက် စိတ်ပိုင်းဆိုင်ရာက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ၆ နှစ်အကြာမှာအတူတကွ နည်းစနစ်နဲ့ ဘာလုပ်ရမလဲဆိုတာ သိလာပါတယ်။ နည်းပြတစ်ဦး အနေနဲ့ ကစားသမားတွေအကြောင်းသိဖို့ အချိန်လိုပါတယ်။ မခေါ်ခင် ကစားသမားတွေကို မြင်နိုင်ပြီး ကျွမ်းကျင်မှုကို သိနိုင်ပါတယ်။ ဒါပေမယ့် သူနဲ့ လက်တွဲရတဲ့အခါ ကိုယ့်နည်းစနစ်နဲ့ အံဝင်အောက် သူနဲ့ အဆင်ပြေအောင် လုပ်ရတာတွေ ရှိပါတယ်။ အချက်အလက်တွေအကြောင်း ပြောတဲ့အခါ ကျွန်တော် အစီအစဉ်တစ်ခုလုပ်ပြီး ဗီဒီယိုတွေပြပြီး စိတ်ခံစားက ဘာလဲဆိုတာ သင်ပြပါတယ်။ ဘဝမှာ ခံစားချက်က အရာရာပါပဲ။ အထူးသဖြင့် ဘောလုံးမှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဘာနာဒို ဆေးလ်ဗား