ရှေ့သို့
Image

တူချယ်နှင့် ချဲလ်ဆီး အသင်းအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ဆိုလိုက်တဲ့ ဂွါဒီယိုလာ

2:49 PM, 11 March

ချဲလ်ဆီးအသင်း ပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်အပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်နေတာကြောင့် သောမတ်စ်တူချယ်နှင့် ကစားသမားတွေအပေါ် စာနာမိတယ်လို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးမန်နေဂျာက ကွင်းပြင်ပတွင် ဖြစ်ပေါ်လာသည့်ပြဿနာများအတွက် ကြုံတွေ့နေရသည့်အခြေအနေတွင် မထူးဆန်းပေမယ့် လက်ရှိ ချဲလ်ဆီးအသင်းရဲ့ အနေအထားက အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်နေကာ စီးပွားရေးအရ ဘာမှ ဆောင်ရွက်လို့မရဘဲ ဖြစ်နေပါတယ်။

ခြင်္သေ့ပြာတွေဟာ လက်မှတ်များနှင့် အသင်းရဲ့ ပစ္စည်းအသုံးအဆောင်များ ရောင်းချခွင့်ကနေ ပိတ်ပင်ခံရထားပြီး အဝေးကွင်းသွားရောက်ကစားရာတွင် ပေါင်၂သောင်းသာ အသုံးပြုခွင့် သတ်မှတ်ခံထားရသလို အပြောင်းအရွှေ့လုပ်ခွင့်ပါ ပိတ်ထားပါတယ်။ အင်္ဂလန်အစိုးရက အဆိုပါကြေညာချက်ကို ထုတ်ပြန်ပြီး မကြာခင်မှာဘဲ ဂွါဒီယိုလာက သေချာတောင်နားမလည်သေးဘူးလို့ပြောပါတယ်။

“ကျွန်တော့်မှာ ထင်မြင်ချက်မရှိတဲ့အတွက် တောင်းပန်ပါတယ် ခေါင်းကြီးပိုင်းသတင်းမှာ တွေ့ပေမယ့် ဘာဖြစ်သွားသလဲ အတိအကျမသိပါဘူး ဘာတွေဖြစ်နေသလဲ အသေအချာနားလည်ဖို့ ရက်အနည်းငယ်လောက် အချိန်ပေးပါ။ ကစားသမားတွေနှင့် နည်းပြ တူချယ်အတွက်တော့ သက်တောင့်သက်သာမဖြစ်တဲ့ အနေအထားပါ။ သူတို့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရတယ် ဘာလို့လဲဆိုတော့ သူတို့က သူတို့အလုပ်ကို လုပ်ဖို့ အဲဒီမှာ ရှိနေတာပါ။ ကျွန်တော်တို့ဟာ ကလပ်ရဲ့ မျက်နှာစာတစ်ခုပါ။ နေ့တိုင်း ဒီမှာ ရှိနေပါတယ်။ ကျွန်တော်တို့ နားမလည်တဲ့အရာတွေ ရှိတယ်ဆိုတာ နားလည်ထားရပါမယ် ဒီအကြောင်းပြောဖို့ တစ်ရာသီစာ သင်ခန်းစာတွေ မရှိပါဘူး။ အကြောင်းအရာတစ်ခုအတွက် အသေအချာ မသိရတဲ့အခါ စောင့်ဆိုင်းနေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကလပ်အတွက် သက်တောင့်သက်သာမဖြစ်စေချင်တဲ့ အရာမှန်သမျှကို ကျွန်တော် မပြောလိုပါဘူး။ ပိုပြီး သက်တောင့်သက်သာဖြစ်စေမယ့် ကျွန်တော့်အသင်းအကြောင်း ပြောနိုင်ပါတယ်”

“ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်အကြောင်းကို မပြောခဲ့ဘူး ချဲလ်ဆီးလည်း တူတူပါပဲ ချဲလ်ဆီးမန်နေဂျာနှင့် ကစားသမားတွေရဲ့ အနေအထားက ဘာတွေဖြစ်နေသလဲ ကျွန်တော်မသိပါဘူး။ သေချာဘာမှ မသိရတဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာကိုဘဲ စောင့်ဆိုင်းချင်တယ်။ ချဲလ်ဆီးနှင့် ကျွန်တာ်တို့အသင်းအတွက် သက်တောင့်သက်သာ မဖြစ်စေတဲ့အရာတွေကို မပြောလိုပါဘူး။ ယူကရိန်း အကြောင်းကို ကျွန်တော်ပြောပါတယ်။ ဒီအခြေအနေကနေ ဘာကြောင့် အေဘရာမိုဗစ်ချ်က ပိတ်ပင်ခံရသလဲ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို မသိပါဘူး။ လာမယ့်သတင်းစာ ရှင်းလင်းပွဲမှာတော့ ပိုရှင်းလင်းတဲ့ အမြင်တစ်ခု ကျွန်တော့်မှာ ရှိလာကောင်းရှိမှာပါ ကျွန်တော့် စီအီးအိုနဲ့လည်း စကားပြောပြီး သေချာတဲ့အကြောင်းရင်းကို မြင်အောင် ကြည့်ရပါမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂွါဒီယိုလာ #တူချယ် #အေဘရာမိုဗစ်ချ်