ရှေ့သို့
Image

တော့တင်ဟမ်နှင့် ပွဲမှာ သူ့ကို ပွဲထွက်ခွင့်ပေးဖို့ ရန်းနစ်ကို တောင်းဆိုထားတဲ့ ရော်နယ်ဒို

10:01 AM, 11 March

တော့တင်ဟမ်နှင့် ကစားမယ့်ပွဲမှာ ပါဝင်ခွင့်ရရှိဖို့ ရော်နယ်ဒိုဟာ ရန်းနစ်ကို ဖိအားပေးပြောကြားထားပါတယ်။ သူ့ရဲ့ယူနိုက်တက်အနာဂတ်နှင့်ပတ်သက်ပြီး အေးဂျင့်ဂျော့ချ်မန်ဒက်စ်က ကြားဝင်စေ့စပ်ပေးနေသော်လည်း အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ စနေနေ့က မန်ချက်စတာ ဒါဘီတွင် ပါဝင်ခွင့်မရရှိခဲ့ပါဘူး။

စူပါစတားဟာ ကာရင်တန်မှာ တစ်ဦးတည်းလေ့ကျင့်နေပြီး တင်ပါးဒဏ်ရာကနေ ပြန်လည် သက်သာလာသော်လည်း စနေနေ့ ပွဲစဉ်မတိုင်ခင် နည်းပြရန်းနစ်ထံသို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

"မြန်မြန်သက်သာလာဖို့ကြိုးစားနေပါတယ်။ အသင်းကိုကူညီပြီး ကွင်းအတွင်းပြန်ရောက်ဖို့ စိတ်အားထက်သန်နေပါတယ်"လို့ ရော်နယ်ဒိုက ရေးသားကာ အင်စတာဂရမ်တွင် ပို့စ်တင်ထားပါတယ်။

မန်ဒက်စ်က ရော်နယ်ဒိုကို ဖျောင့်ဖျဖို့ကြိုးစားနေသော်လည်း တိုက်စစ်မှုးကတော့ နွေရာသီမှာ အသင်းကနေထွက်ခွာလိုနေပါတယ်လို့ SunSport က ဖော်ပြထားပါတယ်။ အီသီဟက်မှာ အရန်အနေနဲ့ ပါဝင်ရမယ်လို့ ရန်းနစ်ရဲ့ပြောဆိုမှုတွေကို ရော်နယ်ဒိုက ဒေါသထွက်နေတာဖြ်စပါတယ်။

သိပ်မကြာခင်မှာပဲ တင်ပါးဒဏ်ရာရရှိခဲ့ကာ အသင်းရဲ့လူစားရင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ စနေနေ့ညတွင် ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့အတူ ဟိုတယ်တွင်ရှိမနေဘဲ ပေါ်တူဂီသို့ပြန်သွားခဲ့တာဖြစ်ပါတယ်။ နည်းပြရန်းနစ်က ရော်နယ်ဒိုရဲ့ ခရီးသွားမှုကို သတိမထားမိခဲ့ကာ အသင်းက တရားဝင်ခွင့်ပြုခဲ့တာတော့မဟုတ်ပါဘူး။

တနင်္လာနေ့ လေ့ကျင့်ရေးမှာ ဘာမှမဖြစ်ခဲ့သလို ရော်နယ်ဒို ဒဏ်ရာရရှိကြောင်း အသင်းက ထုတ်ပြန်ကြေညာထားခြင်းလည်းမရှိပါဘူး။ သို့သော်လည်း ကာရင်တန်မှာ တင်းမာတဲ့ အနေအထားတစ်ခုရှိနေပြီး ကစားသမားတွေကတော့ ရော်နယ်ဒိုရဲ့ စိတ်အခြေအနေကို ရိပ်စားမိနေကြပြီဖြစ်ပါတယ်။

သူဟာ အသင်းရှိစီနီယာ ကစားသမားတွေနဲ့ လုပ်ဆောင်နေပြီး ရန်းနစ်ကတော့ အသင်းကိုစုစည်းနိုင်ဖို့ ကြိုးစားနေပါတယ်။ စနေနေ့ တောင့်တင်ဟမ်ရဲ့အိမ်ကွင်းသို့ သွားရောက်ကစားရမယ့်ပွဲဟာ အရေးပါပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်ရမယ့်ပွဲလည်းဖြစ်ပါတယ်။

ရန်းနစ်ကတော့ မန်စီးတီးနှင့်ပွဲကလိုပဲ ကွင်းလယ်တွင် ဖာနန်ဒက်စ်နှင့် ပေါ့ဂ်ဘာတို့ကိုသာ အသုံးပြုပြီး False 9s ပုံစံဖြင့် ကစားလိုနေပါတယ်။ ကွင်းအတွင်းမှာ အကောင်းဆုံး ခြေစွမ်းရရှိဖို့ ရော်နယ်ဒိုကို ရန်းနစ်က ပြောဆိုထားပြီး အရန်ခုံကနေလည်း ဝင်ရောက်ကစားလာဖို့ရှိနေပါတယ်။ သို့သော်လည်း ဒေါသထွက်နေတဲ့ ပေါ်တူဂီသားကတော့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လိုနေပါတယ်။

ထိပ်ဆုံး ၄သင်း အတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပါက နွေရာသီမှာ အသင်းကနေထွက်ခွာမယ်လို့ ရော်နယ်ဒိုရဲ့ အကြံပေးတွေက အိုးထရက်ဖို့ဒ်ရဲ့အကြီးအကဲတွေကို ပြောဆိုထားပြီးသားဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #ရော်နယ်ဒို #ရန်းနစ်