ရှေ့သို့
Image

ဂရန်နော့စကာယာနှင့် ပီတာချက်တို့ကို ဆက်ရှိစေချင်တယ်လို့ဝန်ခံလိုက်တဲ့ တူချယ်

4:17 PM, 10 March

အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို ရောင်းချလိုက်ရင်တောင် ဂရန်နော့စကာယာနှင့် ပီတာချက်တို့ကို ၎င်းတို့ရာထူးအတိုင်း ဆက်ရှိစေချင်တယ်လို့နည်းပြ တူချယ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဝယ်ယူသူတွေက မတ်လ၁၅ရက်နေ့နောက်ဆုံးထား ကမ်းလှမ်းချက်တွေ လုပ်ရန် သတ်မှတ်ထားပြီး ဗြိတိန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် အေရာမိုဗစ်ချ်က ရောင်းချသွားဖို့ရှိနေတာပါ။ ဒါကြောင့် အသင်းရှိ ဒါရိုက်တာ ဂရန်နော့စကာယာနှင့် ဂိုးသမားဟောင်း ပီတာချက်တို့ရဲ့ ရာထူးတွေက မသေမချာ ဖြစ်လာပါတယ် ၎င်းတို့နှစ်ယောက်ဟာ နည်းစနစ်ဒါရိုက်တာနှင့် စွမ်းဆောင်ရည် အကြံပေးအဖြစ် လုပ်ကိုင်နေလျက် ရှိပါတယ်။

နောဝစ်ချ်နဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်မီ တူချယ်က ဂရန်နော့စကာယာနှင့် ပီတာချက်တို့ကို ဆက်ရှိစေချင်တယ်လို့ပြောပါတယ်။

“သူတို့က ကျွန်တော့်ရဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ သူတို့က ကလပ်ရဲ့ မရေမရာအနာဂတ်ထဲမှာ ပါဝင်နေပါတယ်။ အခုက အားကောင်းတဲ့ ဆက်ဆံရေး အလုပ် ဖြစ်နေတယ်လို့သာ ယနေ့အထိ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် တခြားနှစ်ယောက်အတွက်ရော ဒီလို ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ဆက်သွယ်မှုတွေနှင့် တာဝန်ခံမှုတွေ နောက်ဆုံးရသတင်းတွေ သိရဖို့ မျှော်လင့်ပါတယ်။ ဒီအတိုင်း ဆက်သွားနေမယ်လို့မျှော်လင့်ပါတယ် ဒါပေမဲ့ ကျွန်တော်မှာ သတင်းအချက်အလက်နှင့် သြဇာလွှမ်းမိုးမှုတော့ မရှိပါဘူး”ဟု ပြောပါတယ်။

ဆက်တိုက် ထွက်ပေါ်နေသော သတင်းများသည် အသင်းအား အနှောင့်အယှက်ဖြစ်ရန် အလွယ်တကူဖြစ်နိုင်သော်လည်း ကစားသမားများသည် ဘောလုံးအပေါ်မှာသာ အာရုံစိုက်ထားတဲ့အပေါ် ချီးကျူးမိတယ်လို့တူချယ်က ပြောပါတယ်။

“ရှင်းလင်းစွာ ရှိနေတာက မသေချာတာထက်စာရင် အမြဲတမ်းပိုကောင်းပါတယ်။ ကျွန်တော်တို့ ဂုဏ်ယူရအောင် မသေချာတဲ့ အချိန်တွေမှာ ကလပ်က စွမ်းဆောင်ရည်ကောင်းတွေ လုပ်ပေးပါတယ်။ ကလပ်ရဲ့ ယဉ်ကျေးမှုနှင့် ကျွန်တော်တို့ကိုယ်တိုင် ယုံကြည်မှု ရှိရမယ်လို့သက်သေပြနေပါတယ်။ ကောင်းမွန်တဲ့ ခံစားချက်ဖြစ်ပြီး ကျွန်တော်တို့မှာ ယဉ်ကျေးမှု မှန်ကန်ပြီး မှန်ကန်တဲ့ စိတ်ထားရှိတဲ့အတွက် အခြေအနေက မသေချာရင်တောင် အာရုံစိုက်နိုင်မှာပါ။ သင်မှာ ရှိနေတာထက် လက်ရှိမှာ အချက်အလက်တွေ ပိုမရှိထားပါဘူး ဒါကြောင့်ဘဲ အသင်းလွဲပြောင်းရယူတာနဲ့ ဘာသတင်းမှ မရှိနေပါဘူး”ဟု ပြောကြားသွားခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #ပီတာချက်