ရှေ့သို့
Image

ယူနိုက်တက် ကစားသမားဟောင်း အက်ရှလေယန်းကို ဂျိမ်းစ်မီလ်နာနှင့် နှိုင်းယှဉ်လိုက်တဲ့ ဂျရတ်

2:15 PM, 10 March

ဂျရတ်ဟာ လီဗာပူးရဲ့ ဒုတိယအသင်းခေါင်း ဂျိမ်းစ်မီလ်နာကို လက်ရှိအက်စ်တွန်ဗီလာအသင်းရဲ့ ယူနိုက်တက် ကစားသမားဟောင်းဖြစ်သူ အက်ရှလေယန်းနှင့် နှိုင်းယှဉ်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်း ခေါင်းဆောင်ဟာ ဗီလာပက်ခ်သို့ ပြီးခဲ့တဲ့နွေရာသီတုန်းက ပြန်လည် ရောက်ရှိလာတာဖြစ်ပြီး လက်ရှိရာသီမှာ ၁၇ ပွဲ ကစားပေးထားကာ ဒီနှစ်စကတည်းက အကန့်အသတ်နှင့်သာ ပွဲထွက်နေရတာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ ဗီလာအသင်းရဲ့ ဆောက်သမ်တန်အား ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တာဖြစ်ပြီး ဒီဇင်ဘာလကတည်းက သူ့ရဲ့ပထမဆုံး ပွဲထွက်ခွင့်ရရှိတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ယန်းကို ဂျရတ်က စာချုပ်သက်တမ်းတိုးဟာ ဗီလာမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပြီး လီဗာပူးမှာ ကလော့ပ်အတွက် မီလ်နာ အရေးပါသလို မြင်နေတာ ဖြစ်ပါတယ်။

"ဆွေးနွေးမှုတွေက ပြုလုပ်ပြီးပါပြီ၊ သူ့ကိုလည်း ကျွန်တော်က အသင်းမှာ ဆက်ရှိနေစေချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောထားပါတယ်""သူက ကွင်းအတွင်း ဘာအလုပ်ကိုမဆို အကောင်းဆုံးလုပ်နိုင်တဲ့ ကစားသမားမျိုးပါ။ ဒီလိုလုပ်နိုင်တဲ့ ကစားသမားက များများစားစားမရှိပါဘူး၊ အထူးသဖြင့် သူ့လို အသက်အရွယ်မှာပေါ့""သူဟာ မီလ်နာလိုပဲ နည်းပြရဲ့ စိတ်ကူးဖြစ်တဲ့ လူနည်းစုထဲက တစ်ဦးဖြစ်ပါတယ်"

"အခြေအနေတစ်ခုမှာ ကွင်းအတွင်းကို ဝင်ရောက်ဖို့နဲ့ သေချာတဲ့အလုပ်ကိုလုပ်ဖို့ လိုလာတဲ့အချိန်မှာ သူ့ကိုထည့်သွင်းနိုင်ပါတယ်""ဘယ်ဖြစ်စေ၊ ညာဖြစ်စေ၊ ကွင်းလယ်ဖြစ်ဖြစ်၊ တိုက်စစ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဘာပဲလုပ်ခိုင်းလုပ်ခိုင်း သူတို့ကတော့ အကောင်းဆုံးလုပ်မှာပါပဲ""အားလုံးက အက်ရှ်လေယန်းကို သူ့ရဲ့လုပ်ဆောင်မှုတွေအတွက် ချီးကျူးသင့်ပါတယ်" လို့ ဂျရတ်က ပြောပါတယ်။

သူ့ရဲ့အင်္ဂလန်လက်ရွေးစင် ကစားသမားဘဝတွင် ဂျရတ်ဟာ အက်ရှလေယန်းရော မီလ်နာရောနှင့်ပါ အတူတူ ကစားဖူးခဲ့သူဖြစ်ပြီး ကွင်းလယ်ကစားသမား ၂ဦးလုံးဟာ ဗီလာမှာ အသင်းဖော်တွေ ဖြစ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မီနာ #အက်ရှလေယန်း #စတီဗင်ဂျရတ်