ရှေ့သို့
Image

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ယူကရိန်းမှာ ကျန်ခဲ့တဲ့ မိသားစုအပေါ် စိတ်ပူကာ ကြောက်လန့်နေရကြောင်း ရှက်ဗ်ချန်ကို ဖွင့်ဟလာ

4:34 PM, 8 March

အန်ဒရေ ရှက်ဗ်ချန်ကိုဟာ အီတလီ တီဗီမှာ ယူကရိန်းက စစ်ပွဲတွေအကြောင်း ပြောရင်း မျက်ရည်ကျခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ၄၅နှစ်သားက မွေးရပ်မြေက ဖြစ်ပျက်နေမှုတွေအတွက် မျက်ရည်မကျပဲ မစဉ်းစားနိုင်ပါဘူးလို့လည်း ဖွင့်ဟသွားခဲ့ပါတယ်။

ရှက်ဗ်ချန်ကိုက “ကျွန်တော့်အမေ၊ အမနဲ့ အခြား အမျိုးတွေက ယူကရိန်းမှာပဲ ရှိပါသေးတယ်။ ကျွန်တော် သူတို့နဲ့ နေ့တိုင်း စကားပြောပါတယ်။ သူဆက်နေတာ သူတို့ရွေးချယ်ခွင့်ပါ”“ကျွန်တော့်နိုင်ငံမှာ ဖြစ်နေတာတွေကို မျက်ရည်မကျပဲနဲ့ မနေနိုင်ပါဘူး။ ယူကရိန်းမှာ ဘာတွေတစ်ကယ်ဖြစ်နေတယ်ဆိုတာ သူတို့ ပြောပြကြပြီး မြို့တွေကို ဗုံးကြဲတာ၊ ကလေးတွေ၊ အသက်အရွယ်ကြီးသူတွေက သေကြတာ အကုန်ပါပါတယ်”“ကျွန်တော်တို့ ရုရှားကို စစ်တိုက်နေတာရပ်ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာဖို့ တိုက်တွန်းစည်းရုံးရပါမယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ရှက်ဗ်ချန်ကိုက ယူကရိန်းက ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကို နွေးထွေးစွာ ကြိုဆိုကြဖို့ အီတလီပြည်သူတွေကို တိုက်တန်းသွားခဲ့ပါတယ်။ ရှက်ဗ်ချန်ကိုက “ကျွန်တော် အီတလီကို ရောက်တော့ ဒီနိုင်ငံက ကျွန်တော့်ကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ သူတို့လူလိုမျိုး သဘောထားပြီး ကြိုဆိုခဲ့ကာ ကျွန်တော့် ဒုတိယအိမ်လို ဖြစ်ခဲ့ပါတယ်”“အခုလည်း ကျွန်တော့်နိုင်ငံက လူတွေကို ကူညီပြီး နွေးထွေးစွာ ကြိုဆိုကြဖို့ တောင်းဆိုချင်ပါတယ်။ အားလုံး တော်တော်လေး ကူညီကြတယ်ဆိုတာ သိပေမဲ့ ဒီထက်ပိုလုပ်ပေးကြဖို့ တောင်းဆိုပါတယ်”လို့ ဆိုခ့ပါတယ်။

အလားတူ ရှက်ဗ်ချန်ကိုက ယူကရိန်းကနေ ထွက်ပြေးခြင်းမရှိပဲ ရုရှားရဲ့ ကျူးကျော်မှုကို ကိုယ်တိုင်ကာကွယ်နေတဲ့ သမ္မတ ဇီလင်စကီးကိုလည်း ချီးကျူးသွားခဲ့ပါတယ်။

#ယူကရိန်း #ရုရှား #ရှက်ဗ်ချန်ကို