ရှေ့သို့
Image

တန်းဆင်းဇုန်အန္တာရယ်ရှိလာသော်လည်း စိန်ခေါ်ရမယ့်ပြဿနာများအတွက် ကြောက်ရွံခြင်း မရှိဘူးလို့ပြောလိုက်တဲ့ လမ်းပတ်

10:10 AM, 8 March

တောတ့င်ဟမ်ကို ၅ဂိုးပြတ် ရှုံးနိမ့်ပြီး တန်းဆင်းနိုင်တဲ့ ပြဿနာများ ပိုမိုနက်ရှိုင်းလာပြီး သူတွင် ဖြစ်ပေါ်လာမယ့် အခက်အခဲများအပေါ် ကြောက်ရွံခြင်းမရှိဘူးလို့ အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်က ပြောဆိုလိုက်ပါတယ်။ အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ်၈ပွဲတွင် ၇ပွဲ အထိ ရှုံးနိမ့်ထားပြီးနောက် တန်းဆင်းဇုန်အထက် ၁မှတ်အကွာဖြင့် ရပ်တည်နေလျက် ရှိပါတယ်။

အဲဗာတန်အသင်းဟာ လက်ရှိတွင် ၂၅ပွဲ ကစားအပြီးမှာ ၂၂မှတ်သာ ရထားပြီး သမိုင်းတလျောက် အနိမ့်ပါးဆုံး ရမှတ်လည်း ဖြစ်နေပါတယ်။ မန်နေဂျာဘဝတစ်လျောက် အကြီးမားဆုံး ရှုံးပွဲကြုံပြီးနောက် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုများအတွက် ပြဿနာ မရှိဘူးလို့လမ်းပတ်က ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့ လာမယ့် ဝုဗ်၊ နယူးကာဆယ် အိမ်ကွင်း ၂ပွဲကို အဆင်သင့်ဖြစ်နေပါတယ်။ကစားသမားတွေကလည်း သူတို့ကိုယ် သူတို့အဆင်သင့်ပါပဲ။ သူတို့အဆင်သင့်လည်း ဖြစ်ရပါမယ်။ မှော်တုတ်နဲ့ အသင်းကို တည်ဆောက်ဖို့ လမ်းလျောက်နေတာ မဟုတ်ပါဘူး။ကျွန်တော် အသင်းကို စရောက်တဲ့အချိန်က အောက်ကို ကျနိုင်တယ်ဆိုတာလည်း ခံစားမိတယ်။ ဒါတွေကို ပြောင်းလဲဖို့က ကျွန်တော်အပေါ်မှာ မူတည်ပါတယ် ဒါတွေကို ပြောင်းလဲရမယ်လို့တွေးမိပါတယ်။ ဒါက စမ်းသပ်မှုတစ်ခုပါပဲ  ကစားသမားတစ်ဦးအနေနဲ့ နှစ်ပေါင်း၂၀ ဖြတ်သန်းခဲ့ပါတယ် ဒီလိုကာလများစွာ ဖြတ်ကျော်ဖူးပါတယ်။ ယေဘုယျအားဖြင့် ခံစားချက်ကတော့ အဆင်ပြေပါတယ်။ လူတွေကတော့ တစ်ပွဲလောက်ဆိုးတာနဲ့ ကျွန်တော်တို့ကို ပြောမှာပါ။ အဆင်မြင့်မြင်ကို တွေးထားရပါမယ် ၁၃ပွဲအထိ ကစားဖို့ရှိပါတယ်။ ကျွန်တော် မရောက်လာခင် ပြဿနာတွေ ရှိပါတယ် ဒါပေမဲ့ တဖြည်းဖြည်း ရှင်းလင်းလာပါပြီ ဒါပေမဲ့ အကောင်းမြင်ဖို့နဲ့ အသုံးမကျတဲ့ တွေးခေါ်မှု မဖြစ်အောင် ဆက်နေဖို့အရေးကြီးပါတယ်”ဟု ဖရန့်လမ်းပတ်က ပြောကြားသွားခဲ့ပါတယ်။

#တော့တင်ဟမ် #အဲဗာတန် #လမ်းပတ်