ရှေ့သို့
Image

လူကာကူကို လက်ကျန်ပွဲစဉ်တွေမှာ အရန်ခုံသာ ထိုင်ခိုင်းသွားဖို့ရှိနေတဲ့ တူချယ်

9:37 AM, 8 March

ချဲလ်ဆီးနည်းပြ သောမတ်စ်တူချယ်ဟာ တိုက်စစ်မှူး လူကာကူအား လက်ကျန်ရာသီတွင် အရန်ခုံ ထိုင်ခိုင်းသွားဖွယ် ရှိနေကြောင်း သိရသည်။ LondonEveningStandard ရဲ့ ဖော်ပြချက်အရ တူချယ်ဟာ ကိုင်ဟားဗတ်ဇ်အပေါ်မှာ ယုံကြည်မှုအပြည့် ရှိပြီး တိုက်စစ်ကို ဦးဆောင်ခိုင်းဖွယ် ရှိနေသည်။

ပရီးမီးယားလိဂ်တွင် မန်စီးတီး၊ လီဗာပူးတို့နဲ့ ရမှတ်ကွာနေတာကြောင့် ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားတို့တွင် ဆုဖလားရရှိနိုင်မယ့် အခွင့်အရေးသာ အများဆုံးလို့တူချယ်တစ်ယောက် နားလည်ထားပါတယ်။ ကလပ်စံချိန်တင်ကြေးရှင် လူကာကူဟာ တူချယ်ရဲ့ ကစားကွက်အောက်မှာ အံ့မဝင်သေးဘဲ ဘန်လေကို ၄ဂိုးပြတ် အနိုင်ရတဲ့ပွဲတွင် ဟားဗက်ဇ်ကို အထောင်တိုက်စစ်တွင် ထားကစားခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်သားဟာ ချဲလ်ဆီးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပြီး ၁၃ဂိုးသွင်းယူထားကာ ရှေ့ဆက် ပွဲထွက်တွေမှာ ပါဝင်ရဖွယ် ရှိနေသည်။ မူလက တူချယ်ဟာ ဟားဗတ်ဇ်နဲ့ လူကာကူကို တွဲဖက်၍ ကစားခိုင်းဖို့ စီစဉ်ထားသော်လည်း လူကာကူက အသင်းဖော်တွေနဲ့ ကစားဟန်မှာ လိုက်လျောညီထွေမှု မရှိနေတာကြောင့် ပွဲထွက်တွေ နည်းပါးလာနိုင်ပါတယ်။

#ချဲလ်ဆီး #လူကာကူ #တူချယ်