အယ်လ်ချီကို ဘာစီလိုနာက ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်တယ်လို့ ဇာဗီ ဖွင့်ဟလာ
3:13 PM, 7 March
ဘာစီလိုနာနည်းပြ ဇာဗီက ယမန်နေ့ည အယ်လ်ချီနဲ့ပွဲမှာ ဘာကာက ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ပထမပိုင်းအတွင်း ရှုံးနိမ့်နေပေမဲ့ ဖာရန် တောရက်စ်နဲ့ ဒီပေးတို့ရဲ့ ဂိုးတွေနဲ့အတူ ဘာစီလိုနာတို့ ပြန်လာနိုင်ခဲ့ပြီး ၂-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။
ဇာဗီက “ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအများအပြား ရခဲ့ပေမဲ့ အသုံးချနိုင်ခဲ့ခြင်း မရှိပဲ ထိုးဖောက်မှုတွေက ထိရောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ အသင်းက အပြင်းအထန် ကစားလာတဲ့ အယ်လ်ချီကို အကောင်းဆုံး ပြန်လည် တုံ့ပြန်နိုင်ခဲ့ပါတယ်”“ဒုတိယပိုင်းမှာ အသင်းက ပိုကောင်းလာပြီး ပထမပိုင်းထက် အခွင့်အရေးတွေ ပိုဖန်တီးလာနိုင်ခဲ့ပါတယ်။ ဒီပွဲ့ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ကာ အသင်းလိုက် ကစားပုံကြောင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းအတွင်း ရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် ရှုံးနိမ့်နေတဲ့အပေါ် ကျွန်တော် ပေါက်ကွဲခဲ့ပါတယ်”
“ဒါပေမဲ့ ကျွန်တော်တို့ ပိုပြီး ထိုးဖောက်မယ်ဆိုရင် နိုင်ပွဲရနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အဲ့ဒါကိုပဲ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ဖာရန်လည်း နေရာပြောင်းကစားခဲ့ကာ အဲ့ဒါက အလုပ်ဖြစ်ခဲ့ပါတယ်” “ဆော့တဲ့ပုံစံက အရမ်းကောင်းခဲ့ပြီး ၄ ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ကောင်းကောင်ကစားနေတယ်ဆိုတာ ပြသတာဖြစ်ပြီး ကစားသမားတွေကလည်း ကျွန်တော်တို့ ပြောတာတွေကို ယုံကြည်နေတယ်ဆိုတာ ပြသနေတာပါ။ အသင်းရဲ့ ဟန်ချက်က ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။