ရှေ့သို့
Image

ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် လာမယ့်ယူနိုက်တက် နည်းပြအသစ် အနေနဲ့ ပေါင်သန်း ၅၀ သာ အသုံးပြုခွင့်ရဖွယ် ရှိနေ

12:48 PM, 7 March

တကယ်လို့ ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင် လာမယ့်နည်းပြသစ်အနေနဲ့ ပေါင်သန်း ၅၀လောက်သာ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ ရန်နစ်ဟာ ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ယူနိုက်တက်ကို တာဝန်ယူထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမန်သားဟာ နွေရာသီမှာ ယူနိုက်တက်ရဲ့ အကြီးပိုင်းရာထူးကို ပြောင်းရွှေ့တော့မှာဖြစ်ကာ ယူနိုက်တက်က အမြဲတမ်းနည်းပြ ခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုနဲ့ အေဂျက်နည်းပြ တန်ဟက်တို့ကို ပစ်မှတ်ထားနေပါတယ်။ ဘယ်လိုနည်းပြမျိုးဖြစ်ပါစေ ယူနိုက်တက်အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ပြဿနာရှိနိုင်တာဖြစ်ပါတယ်။

သတင်းတွေအရ ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် အပြောင်းအရွှေ့အတွက် ပေါင်သန်း ၈၀ ကနေ ပေါင်သန်း ၅၀ အထိ လျော့ချခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၁ - ၂၂ ရာသီတုန်းက ပေါင်သန်း ၁၂၀ လောက်အထိ အသုံးပြုခဲ့ပြီး ရော်နယ်ဒို၊ ဗာရာနီနဲ့ ဆန်ချိုတို့ကို ခေါ်ယူခဲ့ပါတယ်။

အဆိုပါရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ပွဲမတိုင်ခင် အဆင့်  ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့် အာဆင်နယ်ထက် ၃ ပွဲလောက်ပိုကစားထားကာ ၂ မှတ်သာ ကွာဟနေပါတယ်။ အခြားတစ်ဖက်မှာ တော့တင်ဟမ်ကလည်း ၂ ပွဲလျော့နေချိန် ၅ မှတ်သာ ကွာဟတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားရမှသာ ထိပ်ဆုံး ၄ သင်း ဝင်နိုင်ဖွယ်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ရုန်းကန်နေရတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ပေါ့ဂ်ဘာ ၊ လင်ဂတ် ၊ မာတာ နဲ့ ကာဗာနီတို့က အသင်းကနေ ထွက်ခွာဖို့ များနေပါတယ်။

ဒါပေမယ့် ရောင်းချသွားဖို့တော့ ပြင်ဆင်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က တော်တော်လေးရုန်းကန်ရဖွယ်ရှိနေကာ မန်ချက်စတာဒါဘီပွဲကလည်း အရေးကြီးနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်