ရှေ့သို့
Image

ယူနိုက်တက်က မန်စီးတီးနဲ့ ခြေစွမ်းချင်း အလွန်ကွာခြားလွန်းနေပါပြီလို့ ရန်းနစ် ဝန်ခံ

12:41 PM, 7 March

ယူနိုက်တက်အသင်း ယမန်နေ့ညက မန်စီးတီးကို ၄-၁ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် နည်းပြ ရန်းနစ်က အသင်းဟာ စီးတီးကို မီဖို့ အများကြီး လိုပါသေးတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ယူနိုက်တက်ကို ယမန်နေ့ညက မန်စီးတီးက တစ်ပွဲလုံး ထိန်းချုပ် ကစားသွားခဲ့ကာ စိတ်ကြိုက် ဂိုးတွေသွင်းခဲ့ပြီး ဂိုးပြတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရန်းနစ်က အဆိုပါပွဲစဉ် အစမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ပေမဲ့ ၂သင်းကြာ ခြေစွမ်းကွာဟမှု ကြီးမားတာကြောင့် ယခုလို ဂိုးပြတ် ရှုံးခဲ့တာလို့ ပြောခဲ့ပါတယ်။

ရန်းနစ်က “ကျွန်တော်တို့ ပထမပိုင်းကို အကောင်းဆုံး မဟုတ်ရင်တောင် ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ဂိုးအစောကြီး ပေးလိုက်ရလို့ ခက်ခဲခဲ့ပါတယ်”“ကျွန်တော်တို့ အကောင်းဆုံးဂိုးနဲ့ ပြန်လာနိုင်ခဲ့ပေမဲ့ နောက်ဂိုးကို တန်ပြန်တိုက်စစ်ကနေ ပေးလိုက်ရပြန်ပါတယ်။ ဒီပွဲက ကမ္ဘာ့အကောင်းဆုံး အသင်း၁သင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲမိုလို့ ကစားရတာ အလွန်ခက်ခဲခဲ့ပါတယ်”

“ကျွန်တော်တို့ ပွဲပြီးခါနီး စတုတ္ထမြောက်ဂိုးကို ထပ်ပေးလိုက်ရပါတယ်။ ဒီပွဲက ကျွန်တော်တို့ သူတို့နဲ့ ခြေစွမ်းချင်း ကွာခြားလွန်းနေသေးတယ်ဆိုတာကို ပြတဲ့ ခက်ခဲတဲ့ ပွဲစဉ်၁ပွဲပါပဲ။ ကျွန်တော်တို့ ပထမပိုင်းမှာ လုပ်ခဲ့သလို တိုက်စစ်ဖွင့်ပြီး အမဲလိုက်သလို အခြေအနေက အမြဲရှိရပါမယ်။ နောက်ဆုံးမှာတော့ တတိယဂိုးက ပွဲကို အဆုံးသတ်သွားပါတယ်”“ဒုတိယပိုင်းမှာ သူတို့ ပိုကောင်းလာပြီး သူတို့မှာရှိတဲ့ အရည်အချင်းတွေကို ပြသနိုင်ခဲ့ပါတယ်။ အထူးသဖြင့် သူတို့ တတိယဂိုး သွင်းပြီးတဲ့နောက် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ရန်းနစ်က “ဒီပွဲကိုနိုင်ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ လုံး၀ သိပါတယ်။ ဒီပွဲက အခက်ဆုံး ပွဲတစ်ပွဲထဲ ပါပါတယ်။ သူတို့ ဒီနေ့ ပိုကောင်းခဲ့တယ်ဆိုတာ လက်ခံရမှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ နောက်ပွဲတွေကို ကြည့်ပြီး လာမယ့် အိမ်ကွင်း ပွဲ၂ပွဲကို နိုင်ဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #ရန်းနစ်