ယူနိုက်တက် ကစားသမား ၅ယောက်၊ ၆ယောက်လောက်က အသင်းမှာ ဆက်မရှိသင့်တော့ဘူးလို့ ရွိုင်ကိန်း ပြင်းထန်စွာ ဝေဖန်
9:21 AM, 7 March
ရွိုင်ကိန်းဟာ ယမန်နေ့ည မန်စီးတီးကို ၄-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည် နိမ့်ကျခဲ့တဲ့ ကစားသမားတွေကို ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။
ယူနိုက်တက် အသင်းဟာ ပထမပိုင်းအတွင်း ဂိုးပြန်သွင်းနိုင်ခဲ့ပေမဲ့ မာရက်ဇ်ရဲ့ ကန်ချက်အပြီး ၃-၁ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် လုံး၀ ပြိုဆင်းသွားခဲ့ကာ မန်စီးတီးက စိတ်ကြိုက်ကစားသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ယူနိုက်တက် ဂန္တဝင် ကိန်းက အားထုတ်မှုမရှိတဲ့ ယူနိုက်တက်ကစားသမားတွေကို ပေါက်ကွဲပြီး ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ရွိုင်ကိန်းက “ကစားသမား ၅ယောက်၊ ၆ယောက်လောက်က ယူနိုက်တက်အတွက် ထပ်မကစားသင့်တော့ပဲ တံခါး၀ကနေ ကန်ထုတ်လိုက်သင့်ပါပြီ။ ယူနိုက်တက်အကြောင်းပြောရင် အဆိုးဆုံးအရာက သူတို့ အရှုံးပေးလိုက်တယ်ဆိုတာပါပဲ”“လက်လျော့လိုက်ခြင်းက တကယ်တမ်းမှာ လုံး၀ ခွင့်လွှတ်နိုင်စရာ မရှိပဲ ဘာမှ ပုန်းကွယ်နေလို့လည်း မရပါဘူး။ ဒီနေ့ ယူနိုက်တက်ရဲ့ လိုအပ်ချက်တွေကို အကုန် မြင်ခဲ့ရပါတယ်။ အားလုံးက ဘောလုံးပွဲတွေ ကြည့်နိုင်ပေမဲ့ ယူနိုက်တက်အတွက် ကစားနေတဲ့ ကစားသမားတွေက ပြန်လည် အားထုတ်ခြင်း မရှိတာ လက်ခံနိုင်စရာ မရှိပါဘူး”
“သူတို့ အခွင့်အရေးတွေကို ဒီတိုင်းကြီး ပေးပစ်ခဲ့ပြီး အဲ့ဒါ ရှက်စရာကောင်းပါတယ်။ သူတို့ အခြားအသင်းတွေထက် ပြတ်ကျန်ခဲ့ပါပြီ။ ကျွန်တော် ဒီပွဲကို ကြည့်ရတာ စိတ်ပျက်စရာ ကောင်းပါတယ်။ အားလုံးက အမှားလုပ်နိုင်ပေမဲ့ ပြန်မလိုက်တာမျိုးက ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ ယူနိုက်တက် ကစားသမား ၅ယောက်၊ ၆ယောက်လောက်က အသင်းအတွက် ထပ်မကစားသင့်တော့ပါဘူး” “တော်တော်လေး ရှက်စရာပါ။ ကွင်းလယ်က ကစားသမားတွေ၊ ဝမ်ဘစ်ဆာကာ၊ ဖရက်၊ ရက်ရှ်ဖို့ဒ် တို့ပါတယ်။ စီးတီးဆော့တာ သူတို့ အကောင်းဆုံးပုံစံတောင် မဟုတ်ပါဘူး။ ယူနိုက်တက်က အလျော့ပေးလိုက်တာပါ။ အဲ့ဒါက ရှက်စရာပါပဲ”လို့ ပြောခဲ့ပါတယ်။