ရှေ့သို့
Image

ပေါ့ဘာနဲ့ပတ်သက်လို့ အယ်လီဂရီရဲ့ ပြောကြားချက်

3:36 PM, 6 March

ဂျူဗင်တပ်နည်းပြ အယ်လီဂရီကတော့ အသင်းရဲ့ ကစားသမားဟောင်း ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့နဲ့ ပတ်သက်လို့ မဖြစ်နိုင်ကြောင်းပြောဆိုလိုက်ပြီး ပေါ့ဘာနဲ့လဲ ကောင်းမွန်တဲ့ ရင်းနှီးမှုရှိကြောင်းပြောလိုက်ပါတယ်။ 


ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်အသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ကြေး ပေါင် သန်း ၁၀၀ (ဒေါ်လာ ၁၃၄ သန်း) နဲ့ ပြောင်းရွေ့ခဲ့တာပါ။ သို့သော်လဲ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ခြေစွမ်းကတော့ တည်ငြိမ်မှု မရှိခဲ့ပါဘူး။ 


ပြင်သစ်သားဟာ ရာသီကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဂျူဗင်တပ်က ပြန်လည်ခေါ်ယူမလားဆိုတာကိုတော့ နည်းပြ အယ်လီဂရီက မဖြစ်နိုင်ကြောင်း ငြင်းသွားခဲ့ပါတယ်။


ပိတ်ရက် စီးရီးအေးပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အယ်လီဂရီက 


"ပေါ့ဘာလား၊ အခုအချိန် ဈေးကွက်အကြောင်းပြောတာ အဓိပ္ပါယ်မရှိပါဘူး။ သူက ယူနိုက်တက်ကစားသမားလေ ။ နောက်ရာသီ ဘာဖြစ်မယ်မသိပါဘူး။ "


"ကျွန်တော်နဲ့ သူနဲ့ ရင်းနှီးမှုရှိတာလဲမှန်ပါတယ်။ ဒါပေမယ့် သူကျွန်တော့်ကို ဘတ်စကတ်ဘောမှာ ရှုံးတိုင်း စိတ်ဆိုးနေကျပါ။"


လို့ အယ်လီဂရီက ဆိုပါတယ်။


ပေါ့ဘာ ဂျူဗင်ကို ပြန်လာမှာလား?


ပေါ့ဘာဟာ ယူနိုက်တက်ကနေ ၂၀၁၂ တုန်းကလဲ အလွတ်ပြောင်းရွေ့ကြေးနဲ့ ဂျူဗင်ကို ထွက်ခွာခဲ့သူပါ ယခုလဲ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မလွယ်‌ကူတော့ပါဘူး။ 


ပေါ့ဘာဟာ ဂျူဗင်မှာ လေးနှစ်ကစားပြီး ခြေစွမ်းကောင်းပြသကာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် ကျော်ကြားခဲ့ကာ ဂျူဗင်အသင်းကိုလဲ ၂၀၁၅ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးထားပါတယ်။


ယူနိုက်တက်ဟာ ယခုတဖန်လဲ စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားကို အလွတ်နဲ့ ပြန်လည် လက်လွှတ်ရဖို့ ရှိနေပါတယ်။ ကစားသမားကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဖြေကြားဖို့ ငြင်းဆန်ထားပြီး ကစားသမားရဲ့ အေးဂျင့်ကတော့ ဂျူဗင်တပ်ဟာ ကစားသမားရဲ့ နှလုံးသားထဲမှာ ရှိနေသေးတယ်လို့ ဆိုထားပါတယ်။ 

#စီးရီးအေ #မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ #အယ်လီဂရီ