ရှေ့သို့
Image

ယူကရိန်းအတွက် ဆုတောင်းပေးနေချိန် အသင်းပိုင်ရှင် ရုရှားဘီလျံနာကို ထောက်ခံတဲ့ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်များ

11:30 AM, 6 March

ဘန်လေအသင်းရဲ့ ယူကရိန်းအား ထောက်ခံကြောင်းပြသနေတဲ့အချိန်မှာ ချဲလ်ဆီးပရိသတ်တွေဟာ ကလပ်ရဲ့ရုရှားအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်အတွက် ကြွေးကြော်သံများအော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။

တူချယ်ရဲ့အသင်းဟာ စနေနေ့က ဘန်လေနှင့်ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး ကြွေးကြော်အော်ဟစ်သံများကြောင့် ပွဲရဲ့လုပ်ဆောင်မှုက ပျက်ပြားခဲ့ရတာဖြစ်ပါတယ်။

ပွဲစတင်မကစားမီ ဘန်လေဟာ ရုရှားရဲ့ယူကရိန်းအား ကျူးကျော်ရန်ဆုံးဖြတ်ချက်ကြောင့် စစ်ဖြစ်ပွားခဲ့ရပြီး ယူကရိန်းနိုင်ငံနှင့်အတူ ရပ်တည်ကြောင်းပြသရန် ၁ မိနစ်ခန့် ငြိမ်သက်ခဲ့ပါတယ်။

သို့သော်လည်း ကလပ်ရဲ့ ဆုတောင်းပေးမှုဟာ ချဲလ်ဆီးပရိသတ်တွေရဲ့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်အား ထောက်ခံကြောင်း အော်ဟစ်မှုများကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ "ရိုမန်အေဗရာမိုဗစ်ချ်၊ ရိုမန်အေဗရာမိုဗစ်ချ်" လို့ အော်ဟစ်ဟာ ထရက်ဖ်မိုးရှိ ဆုတောင်းမှုကို နှောက်ယှက်ခဲ့ကြတာဖြစ်ပါတယ်။

သို့သော်လည်း ချဲလ်ဆီးပရိသတ်တွေကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့တဲ့ ဘန်လေအသင်းပရိသတ်တွေရဲ့ အော်ဟစ်ပြောဆိုမှုများကြောင့် ရပ်တန့်သွားခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်များပြီးနောက် အသင်းကိုရောင်းချမယ့် ရိုမန်အေဗရာမိုဗစ်ချ်ရဲ့ဆုံးဖြတ်ချက်ကို တုန့်ပြန်သောအားဖြင့် ချဲလ်ဆီးအသင်းအား "အဆင့်အတန်းမရှိတဲ့ကလပ်" လို့ရေးသားက  ဘောလုံးပရိသတ်တစ်ဦးက တွစ်တာမှာပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ယူပရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ယူကေအစိုးရရဲ့ အရေးယူပိတ်ဆို့များကို ခံရနိုင်ကြောင်း ကောလာဟလတွေထွက်ပေါ်နေတာကြောင့် ချဲလ်ဆီးအသင်းကိုရောင်းချမှာဖြစ်ကြောင်း အေဗရာမိုဗစ်ချ်ဟာ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

"အရင်က ပြောခဲ့သလိုပါပဲ၊ အသင်းအတွက်ကောင်းဖို့ကိုသာ ကျွန်တော်က အမြဲတမ်းဆုံးဖြတ်ချက်ချတာပါ"

"လက်ရှိအနေအထားကြောင့် ကလပ်ကိုရောင်းချဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါဟာလည်း ကလပ်၊ ပရိသတ်တွေ၊ ဝန်ထမ်းတွေ၊ ကလပ်ရဲ့စပွန်ဆာတွေ၊ လက်တွဲလုပ်ကိုင်သူတွေအတွက် ပိုကောင်းမယ်လို့ ယုံကြည်မိပါတယ်"

"ဒါ့အပြင် ရောင်းချခြင်းမှရရှိမယ့် အသားသင်အမြတ်များဖြင့် ဖောင်ဒေးရှင်းတစ်ခုထောင်ဖို့ အသင်းကိုလည်း ညွှန်ကြားထားပါတယ်။ အဆိုပါဖောင်ဒေးရှင်းဟာ ယူကရိန်းမှာ စစ်ဘေးခံစားနေရတဲ့ ပြည်သူတွေအတွက် အကျိုးရှိလာစေမှာဖြစ်ပါတယ်" လို့ အေဗရာမိုဗစ်ချ်က ပြောဆိုထားပါတယ်။

#ချဲလ်ဆီး #ဘန်လေ #အေဘရာမိုဗစ်ချ်