ရှေ့သို့
Image

ဆိုးလ်ရှားထွက်သွားပြီးကတည်းက ဘာတိုးတက်မှုမှ မရှိပါဘူးလို့ ရန်းနစ်ကို ဝေဖန်လိုက်တဲ့ တင်ရှားဝုဒ်

11:24 AM, 6 March

ဆိုးလ်ရှားရဲ့နေရာကို အစားဝင်ရောက်ပြီးကတည်းက ဂျာမန်သားဟာ ယူနိုက်တက်မှာ တိုးတက်မှုမရှိပါဘူးလို့ ရန်းနစ်ကို တင်ရှားဝုဒ်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဝက်ဖို့ဒ်အား ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ဆိုးလ်ရှားထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် နိုဝင်ဘာလတွင် ရန်းနစ်ဟာ အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လာမယ့်ရာသီမှာ အိုးထရက်ဖို့ဒ်တွင် ဘယ်သူကနည်းပြအဖြစ် ရှိနေမှာလဲဆိုတာနဲ့ပတ်သက်ပြီး ကောလာဟလမျိုးစုံထွက်နေသော်လည်း ကာလရှည်အတွက်တော့ ရန်းနစ်က မဖြစ်နိုင်ဘူးလို့ တင်ရှားဝုဒ်က ထင်နေပါတယ်။

"အသင်းသို့ရောက်ရှိလာကတည်းက သူ့ရဲ့လုပ်ဆောင်မှုတွေက ဆိုးလ်ရှားထွက်ခွာသွားတဲ့အချိန်နှင့်ယှဉ်လိုက်ရင် တိုးတက်မှုမရှိပါဘူး"

"ကစားပုံကွာခြားသွားတယ်လို့လည်း ကျွန်တော်မမြင်မိပါဘူး၊ ရလဒ်တွေလည်း တိုးတက်လာတယ်လို့ မမြင်မိပါဘူး။ သူ့ရဲ့ပုံစံတွေနဲ့သူ လုပ်ဆောင်နေတာပါ" လို့ အားကစားဝေဖန်သူ တင်ရှားဝုဒ်က Sky Sports သို့ ပြောပါတယ်။

အိမ်ကွင်းမှာ ယူနိုက်တက်ရဲ့ ဝက်ဖို့ဒ်နှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက် တင်ရှားဝုဒ်က ဝေဖန်မှတ်ချက်ပေးလိုက်တာပြီး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ ၃ ကြိမ်မြောက် နိုင်ပွဲပျောက်ဆုံးမှုလည်းဖြစ်ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ ၃လ ရန်းနစ်ရောက်ရှိလာကတည်းက ယူနိုက်တက်ထက် ရမှတ်ပိုယူနိုင်ခဲ့တာဆိုလို့ မန်စီးတီးနှင့် လီဗာပူးတို့ပဲရှိပါတယ်။

ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ချ်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲကနေထွက်ခဲ့ရပြီး ဂျာမန်သားရဲ့လက်အောက်မှာ လိဂ်ပွဲမှာ ၁၄ ပွဲတွင် ၁ ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမတိုင်ခင် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာမှာရပ်တည်နေပြီး အဆင့် ၅ နေရာက ဝက်စ်ဟမ်းနှင့် ၂ မှတ်ကွာဟနေပါတယ်။

ချန်ပီယံလိဂ်မှာလည်း ပထမအကျော့က ၁-၁ ဂိုးသရေကျခဲ့ပြီးနောက် ၁၀ ရက်အကြာမှာ အက်သလက်တီကိုမက်ဒရစ်ကို ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ရာသီကုန်နောက်ပိုင်း ရန်းနစ်ဟာ နည်းပြရာထူးကို ဆက်လက်ယူထားမှာမဟုတ်ဘဲ နွေရာသီမှာ အသင်းရဲ့အကြံပေးရာထူးသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနို နှင့် အေဂျက်စ်နည်းပြ တန်ဟက်တို့ကတော့ ကလပ်ရဲ့နောက်ထပ်နည်းပြဖြစ်လာဖို့ ရေပန်းစားနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရန်းနစ်