ရှေ့သို့
Image

အင်္ဂလန်အနေနဲ့ ကာတာကမ္ဘာ့ဖလား ရမှာမဟုတ်ကြောင်း အမြင်တူ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဂယ်ရီနဗီးလ် နဲ့ မီကာရစ်ချက်

11:17 AM, 6 March

ဂယ်ရီနဗီးလ် နဲ့ မီကာရစ်ချက်တို့ကတော့ အင်္ဂလန်အသင်းအနေနဲ့ အခုနှစ် ကာတာကမ္ဘာ့ဖလားကို ရရှိမှာမဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ ရှုံးပွဲမရှိနဲ့ ကာတာကမ္ဘာ့ဖလားကို ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သလို ပြီးခဲ့တဲ့နှစ်တုန်းက ယူရိုဖလားရဖို့ နီးစပ်ခဲ့ပေမယ့် အီတလီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

နဗီးလ် နဲ့ ရစ်ချက်တို့က  အင်္ဂလန်အနေနဲ့ အခုနှစ်ကမ္ဘာ့ဖလားကိုလည်း ရယူနိုင်မှာမဟုတ်ဘူးလောက်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အင်္ဂလန်အသင်း ဒီနှစ်မှာ ကမ္ဘာ့ဖလားရမှာလား။ ကျွန်တော်တော့ သဘောမတူပါဘူး။ သူတို့ နီးစပ်ခဲ့တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။

ပြီးခဲ့တဲ့ပြိုင်ပွဲ ၂ ခုတုန်းက သူတို့အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲ့လောက် မလုပ်ပြနိုင်လောက်ပါဘူး။ ဆောက်ဂိတ် နဲ့ သူ့ရဲ့အစုအဖွဲ့ကိုတော့ ချီးကျူးပါတယ်။

ပြင်သစ် ၊ ဂျာမနီ ၊ စပိန် ၊ ဘရာဇီး နဲ့ အာဂျင်တီးနား ၊ ဆီနီဂေါ သူတို့ထဲက တစ်သင်းသင်းဖြစ်နိုင်လောက်တယ်လို့ ထင်ပါတယ်”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။

“သူတို့အချိန်လိုအပ်နေသေးတယ်လို့ ကျွန်တော်ထင်နေဆဲပါ”လို့ ရစ်ချက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ နဗီးလ်က ဆောက်သမ်တန်နဲ့အတူ ခြေစွမ်းပြနေတဲ့ ဝက်ပရောက်စ်အနေနဲ့ လေယာဉ်ပေါ်မှာ ပါသင့်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရစ်ချက်စ်ကလည်း နဗီးလ်ရဲ့ပြောကြားချက်ကို ထောက်ခံခဲ့ကာ သူ့အမြင်ကိုပြောကြားခဲ့ပါတယ်။ “မှန်ပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ လူတွေက သူ့ကို သတိမထားတာကြောင့်ပါ။ 

သူက အလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့ညာခြေ နဲ့ rating ဆိုရင်လည်း ၇/၁၀ လောက်အထိ ရှိပါတယ်။ ပြီးတော့ ဖရီးကစ်လည်းကောင်းသလို ဘက်ခမ်းနဲ့တောင် ဆင်တူပါတယ်”လို့ ရစ်ချက်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ အခုလမှာ ဆွစ်ဇာလန် ၊ အိုင်ဗရီကို့စစ်တို့နဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

#အင်္ဂလန် #ဂယ်ရီနဗီးလ် #၂၀၂၂ကမ္ဘာ့ဖလား #မီကာရစ်ချက်