ရှေ့သို့
Image

ချဲလ်ဆီးကိုရောင်းချဖို့ တူရကီကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားရောက်ခဲ့တဲ့ အေဘရာမိုဗစ်

11:09 AM, 6 March

ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်ဟာ အသင်းကိုရောင်းချဖို့အတွက် တူရကီဘီလျံံနာ မူဆင်ဘာရက်ခ်နဲ့ တွေ့ဆုံဖို့ တူရကီကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ပူတင်ရဲ့ယူကရိန်းမြေကို ကျူးကျော်စစ်ကြောင့် ချဲလ်ဆီးအသင်းပိုင်ရှင် မိုဗစ်အနေနဲ့ အသင်းကို မဖြစ်မနေရောင်းချရတော့မှာဖြစ်ပါတယ်။

မိုဗစ်ဟာ ချဲလ်ဆီးကို ပေါင် ၃ ဘီလီယံနဲ့ ရောင်းချဖို့ ပြင်ဆင်နေပေမယ့် အလျင်လိုနေတာကြောင့် အဆိုပါပမာဏထက် နည်းနိုင်တာဖြစ်ပါတယ်။

သူဌေးတော်တော်များများက စိတ်ဝင်စားနေပြီး ဆွစ်ဘီလျံနာ ဝက်စ် နဲ့ အမေရိကန်ဘီလျံနာ တိုင်ကွန်တို့က ချဲလ်ဆီးကို ဝယ်ယူချင်နေကြပါတယ်။

ဒါပေမယ့် ဘာရက်ခ်က အခုအပတ်အစောပိုင်းတုန်းက မိုဗစ်တစ်ယောက် တူရကီမြေကိုရောက်လာပြီးနောက် ချဲလ်ဆီးကို ဝယ်ယူနိုင်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ကိုယ်ပိုင်ငွေကြေး ၁.၅ ဘီလီယံလောက်ကို နှုတ်ဆက်ပြီး အသင်းကို မှန်ကန်တဲ့သူရဲ့လက်ထဲကို အပ်ဖို့ မိုဗစ်က ပြင်ဆင်နေပါတယ်။

ရုရှားသားဟာ ပေါင် ၄၈ သန်းတန်ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ အစ္စတန်ဘူလ်ကိုသွားခဲ့တဲ့ ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

မိုဗစ် နဲ့ ဘာရက်ခ်တို့ဟာ အသင်းဝယ်ယူရေးကိစ္စအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ကနဦးသတင်းတွေက ဆိုပါတယ်။

“ကျွန်တော်တို့ မိုဗစ်ရဲ့ရှေ့နေတွေနဲ့ အသင်းဝယ်ယူရေးအချက်အလက်တွေကို ဆွေးနွေးနေပါတယ်။ ဝယ်ယူဖို့ပဲ ဆွေးနွေးနေဆဲဖြစ်ကာ မကြာခင်မှာ လန်ဒန်ကို သွားမှာပါ။

ကျွန်တော်တို့ကမ်းလှမ်းပြီးပါပြီ။ ဘာလို့လဲဆိုတော့ ယူကရိန်း နဲ့ ရုရှားက စစ်ဖြစ်နေပါတယ်။ မိုဗစ်ကလည်း ရောင်းချချင်နေပြီး မကြာခင်မှာ အစီအစဉ်တွေ အကောင်အထည်ပေါ်လာတော့မှာပါ”လို့ ဘာရက်ခ်က ပြောကြားခဲ့ပါတယ်။

ဘာရက်ခ်ဟာ ၈ ဘီလီယံလောက် ချမ်းသာပြီး အနောက်ဒေသမှာ လူူသိများတာဖြစ်ပါတယ်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ်