ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမှာ အင်တာ အကောင်းဆုံး စွမ်းဆောင်ပြမည်ဟု ကြုံးဝါးလိုက်တဲ့ ဘာရယ်လာ

3:04 PM, 5 March

ဆလာနီတာနာကို ၅ဂိုးပြတ် အနိုင်ရပြီးနောက် လီဗာပူးနဲ့ပွဲမှာ ဘာမဆို ဖြစ်နိုင်စွမ်း ရှိသေးသည်ဟု အင်တာမီလန်ကွင်းလယ်လူ ဘာရယ်လာက ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ၂၀၂၂မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ တိုက်စစ်မှူး လော်တာရိုမာတီးနက်ဇ်က ဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီး ဘာရယ်လာဟာလည်း အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ပြီးခဲ့တဲ့အပတ်တွေက ပင်ပန်းနွမ်းနယ်မှုတွေ ရှိထားခဲ့ပါတယ်။

ဒါပေမဲ့ ဆလာနီတာနာနဲ့ပွဲမှာတော့ ပြောင်းလဲခဲ့ပြီး မာတီးနက်ဇ် ဟက်ထရစ်၊ ဒီဇီဂို ၂ဂိုးသွင်း၊ ဘာရယ်လာ ဂိုးဖန်တီးမှု ၂ကြိမ် လုပ်ခဲ့ပါတယ်။ ဘာရယ်လာအတွက် မာတီးနက်ဇ်ကို ဂိုးဖန်တီးမှုပေးခဲ့တာ ၁၃ကြိမ်မြောက် ရှိပြီဖြစ်ပြီး ဒီဇီကိုအတွက် ၄ကြိမ်မြောက် ဖြစ်ခဲ့ပါတယ်။

“ကျွန်တော်အတွက်ကတော့ ထူးဆန်းတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ခြေထောက်တွေက အင်အားပြည့်ဝစွာ မသွားခဲ့ပါဘူး စိတ်သွားတိုင်း ကိုယ်မပါခဲ့ဘဲ ပေးပို့မှုတွေက အလုပ်မဖြစ်ခ့ပါဘူး  ဒီကနေ့မှာတော့ ကျွန်တော် ဒါတွေကို ပေါက်ကွဲပြခဲ့ပါတယ် ချီးကျူးမှုတွေလိုဘဲ ဝေဖန်မှုဆိုတာကလည်း တစိတ်တပိုင်းပါပဲ။ အရေးကြီးဆုံးက အသင်းကို ကူညီဖို့ပါ ကျွန်တော် ဒါမျိုး မလုပ်နိုင်တဲ့အခါ ကသိကအောင့် ဖြစ်ရပါတယ် ခုတော့ တဖန်ပြန်ပြီး ကျွန်တော်တို့ လမ်းမှန်ကို ရာတွေ့ပြီလို့မျှော်လင့်ပါတယ်”ဟု ဆိုသည်။

အင်တာအတွက်က လီဗာပူးနဲ့ကစားမယ့် အင်္ဂါည ချန်ပီယံလိဂ်ပွဲမှာ ၂ဂိုးပြတ် ရှုံးနိမ့်ထားမှုကို ပြန်လည်ချေပရမယ့် အနေအထားတွင် ယုံကြည်ချက် တိုးလာခဲ့ပါတယ် ဒါပေမဲ့ ကွင်းလယ်လူ ဘာရယ်လာကတော့ ပွဲပယ်ထိသွားမှာ ဖြစ်ပါတယ်။

“ဒီပွဲမှာ ဝင်မကစားရတဲ့အတွက် စိတ်ပျက်မိပါတယ် ဒါပေမဲ့ ဗီဒယ်က ပထမအကျော့မှာ ကျွန်တော်နေရာ ဝင်ကစားတုန်းက အသင်းရဲ့အကောင်းဆုံးကစားသမားဆု ရခဲ့ပါတယ် ဒါကြောင့် သူအနေနဲ့နောက်ထပ် ပွဲကောင်းတစ်ပွဲ ရှိနိုင်မယ်လို့ပြောနိုင်ပါတယ်။ ဒီညနေနိုင်ပွဲက သေချာပေါက် ယုံကြည်ချက်တိုးစေပါတယ် ဒါပေမဲ့ ယေဘုယျအားဖြင့် အန်ဖီးလ်ဆိုတာက အံ့သြစရာကောင်းတဲ့ အတွေ့အကြုံပါ။ကျွန်တော်တို့အနေနဲ့ ကြောက်ရွံမှု မဖြစ်သင့်ဘဲ ဆာလောင်မှုသာလျှင် ရှိသင့်ပါတယ်။ မှတ်သားလောက်စရာ ပြောင်းပြန်လှန်သွားဖို့လုပ်ဆောင်သွားမှာပါ ဒါပေမဲ့ အင်တာဆိုတာက  crazy inter ရူးသွပ်နေတဲ့အသင်းပါ ဘာမဆို ဖြစ်သွားနိုင်ပါတယ် “ဟု ပြောကြားသွားခဲ့ပါတယ်။

အင်တာရဲ့ နာမည်ပြောင်ဟာ Pazza Inter ဟု အမည်ရပြီး နည်းပြဟောင်း ကွန်တီကတော့ ဒါတွေကို ပြောင်းလဲလိုပေမယ့် အသင်းရဲ့ ခန့်မှန်းမရနိုင်မှု၊ ပရမ်းပတာကျော်ကြားမှုအတွက် CrazyInter ဟု အသင်းရဲ့ ကြွေးကြော်သံတွေမှာ သုံးနူန်းထားတာ ဖြစ်ပါတယ်။

#စီးရီးအေ #အင်တာမီလန် #ဆလာနီတာနာ #ဘာရယ်လာ