ရှေ့သို့
Image

အားလုံးစိတ်ဓာတ်ကျချိန်မှာ အကူအညီအပေးနိုင်ဆုံး ကစားသမားတစ်ယောက်ကို ဖွင့်ဟချီးကျူးလိုက်တဲ့ တီယာနေး

2:56 PM, 5 March

နောက်ခံလူ ရော့ဘ် ဟိုဒင်းဟာ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို အကြီးမားဆုံး ကူညီပေးနေတယ်လို့ အာဆင်နယ်ဘယ်နောက်ခံလူ ကီရန်တီယာနေးက ဖွင့်ဟချီးကျူးလိုက်ပါတယ်။

အသက်၂၄နှစ်အရွယ် တီယာနေးနှင့် ဟိုဒင်းတို့နှစ်ယောက်ဟာ အာဆင်နယ်ရဲ့ ယူကျူချန်နယ်ကနေ သူတို့ကြိုက်နှစ်သက်တဲ့ အားကစားဝတ်စုံနှင့် အရှက်ရစရာ ဖြစ်ရပ်တွေကို ပြောပြခဲ့ကြပါတယ်။ ဘယ်သူက အသင်းမှာ စိတ်ဓာတ်အမြင့်တင်ပေးဆုံးလဲဟု မေးရာ တီယာနေးက ချက်ချင်းပြောပါတယ်။

“ဒါက လွယ်ကူလွန်းတယ် ရော့ဘ် မင်းဘဲလေ အသင်းမှာ အကောင်းဆုံးတစ်ယောက်ပါပဲ အားလုံးစိတ်ဓာတ်ကျချိန်မှာ ကူညီပေးတယ် သူအနေနဲ့ ခက်ခဲတဲ့အချိန်မှာ ကိုယ်တိုင်ဖြတ်ကျော်နိုင်သလို အားလုံးကိုလည်း ကူညီပေးချင်တဲ့သူပါ ဒါကြောင့် မင်းပါပဲ ရော့ဘ်”ဟု ဆိုခဲ့သည်။

ရော့ဘ်ဟိုဒင်းဟာ ၂၀၁၆ခုနှစ်က ဘော်လ်တန်ကနေ ပေါင် ၂.၇သန်းဖြင့် ပြောင်းရွေ့လာပြီးနောက် အာဆင်နယ်အသင်းမှာ ခက်ခဲတဲ့ အချိန်တွေ ဖြတ်သန်းနေရပါတယ်။ နောက်ခံလူဟာ ယခုနှစ်အတွင်း မိုက်ကယ်အာတီတာရဲ့အသင်းတွင် ၇ပွဲသာ ကစားရသေးပြီး ပြည်တွင်းဖလားပွဲတွေမှသာ ပါဝင်ခွင့် ရထားပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် တီယာနေးက အင်္ဂလန်သားကို အဝတ်စားလဲခန်းမှာ စိတ်ဓာတ်မြှင့်တင်ပေးသူဟု ဆိုခဲ့ပါတယ်။ မိုက်ကယ်အာတီတာက ၂၀၁၉ခုနှစ်က ဂန်းနားတွေထံ ပြောင်းလာရာမှာ လူငယ်ကစားသမားတွေကို မြေတောင်မြှောက်ပေးခဲ့ပါတယ်။ အသင်းမှာ ဘာကာယို ဆာကာ၊ စမစ်ရိုဝီ၊ မာတီနယ်လီတို့ကြယ်ပွင့်တွေအဖြစ် ပေါ်ထွန်းလာပါတယ်။

ကလပ်အကယ်ဒမီကနေလည်း ကစားသမားကောင်းတွေ ပေါ်ထွန်းနေပြီး ပါတီနို၊ ဟက်ချင်ဆန်၊ လိုပက်ဇ်တို့ဟာ အာဆင်နယ်ရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အထူးသဖြင့် ရေရှည်တွင် လူငယ်ကစားသမားများ ပေါ်ထွန်းလာဖို့ အာဆင်နယ်အသင်းအတွင် အတွေ့အကြုံရှိကစားသမားတွေ ကူညီပေးနိုင်မှုကလည်း အဓိကအချက် ဖြစ်နေပါတယ်။

ဟိုလ်ဒင်းဟာ အသက်၂၀အရွယ် နည်းပြဟောင်း အာဆင်ဝင်းဂါး ရှိစဉ်ကတည်းက ရောက်လာခဲ့သူ ဖြစ်ပြီး လူငယ်တစ်ဦးအနေဖြင့် ဖိအားတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းစွာ နားလည်ထားသူ ဖြစ်ပါတယ်။သူရဲ့ အတွေ့အကြုံနှင့် စိတ်အားထက်သန်မှုတွေက ပထမအသင်းကစားသမားတွေဖြစ်တဲ့ ဘန်ဝှိုက်နှင့် မာဂယ်ဟေးစ်တို့ကို များစွာ အထောက်အကူပြုနေသည်။

အာဆင်နယ်အသင်းဟာ လာမယ့်နှစ်တွင် ချန်ပီယံလိဂ်ဝင်နိုင်ရန် မျှော်မှန်းလျက်ရှိနေသည် သူတို့ဟာ လိဂ်ရဲ့ အဆင့်၆နေရာတွင် ရှိနေပြီး အဆင့်၄နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၂မှတ်လျော့ ၃ပွဲလျော့နည်းထားပါတယ်။

#အာဆင်နယ် #တီယာနေး