ရှေ့သို့
Image

ရုရှား နဲ့ ယူကရိန်း ကစားသမားတွေအတွက် အပြောင်းအရွှေ့ပြန်ဖွင့်ဖို့ ယူအီးအက်ဖ်အေကို ပိုလန်အက်ဖ်အေ တိုက်တွန်း

1:51 PM, 5 March

ပိုလန်အက်ဖ်အေကတော့ ယူကရိန်း နဲ့ ရုရှားက ပြည်ပကစားသမားတွေအတွက် အပြောင်းအရွှေ့ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ အက်သလက်တစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက ရုရှားရဲ့ယူကရိန်းမြေကို ကျူးကျော်မှုကြောင့် ယူကရိန်းပရီးမီးယားလိဂ်ကို ရပ်နားခဲ့ရပါတယ်။ အဆိုပါပြိုင်ပွဲရပ်နားထားသမျှ ကစားသမားတွေအနေနဲ့ အခက်အခဲရှိလာနိုင်တာဖြစ်တာကြောင့် ကနဦးအငှား နဲ့ ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ အပြောင်းအရွှေ့ပြန်လည် ဖွင့်လှစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အက်သလက်တစ်သတင်းဌာနကတော့ ဖီဖာဟာ ဒီနေ့မှာ ဥရောပကလပ်အသင်းအဖွဲ့ချုပ် နဲ့ အပြောင်းအရွှေ့ဖွင့်ဖို့ ဆွေးနွေးမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဖီဖာအနေနဲ့  ယူကရိန်းကနေ အပြီးသတ်ပြောင်းရွှေ့ချင်နေတဲ့ ကစားသမားတွေအတွက် အပြောင်းအရွှေ့ပြန်ဖွင့်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အပြောင်းအရွှေ့ပိတ်ချိန်မှာ အခြားကစားသမားတစ်ဦးအနေနဲ့ အလွတ်နဲ့ နောက်တစ်သင်းကို ပြောင်းခွင့်မရှိတာဖြစ်ပြီး အပြောင်းအရွှေ့ပြန်ဖွင့်တဲ့အချိန်ကို စောင့်ဆိုင်းရတာဖြစ်ပါတယ်။
ကျူးကျော်စစ်စတင်ခဲ့ပြီးနောက် ရုရှားကလပ်တော်တော်များများရဲ့ကစားသမားတွေဟာ ထွက်ခွာခဲ့ပြီးဖြစ်ပါတယ်။ ရုရှားပရီးမီးယားလိဂ်မှာတော့ ပြည်ပကစားသမား ၁၂၀ ကျော်လောက်အထိ ကစားနေကြတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ယူကရိန်း နဲ့ ရုရှားမှာရှိတဲ့ပြည်ပကစားသမားတွေအတွက် အခွင့်အရေးပေးဖို့ လိုအပ်ပါတယ်။ ဖီဖာအနေနဲ့လည်း သူတို့ကို ကူညီဖို့ တစ်ခုခုလုပ်သင့်ပါတယ်။ပိုလန်အက်ဖ်အေရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ “ဖီဖာအနေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်စစ်ကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်”လို့ ဖီဖာရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

#ယူကရိန်း #ယူအီးအက်ဖ်အေ #ရုရှား