ရှေ့သို့
Image

ရော်နယ်ဒိုက ခြေစွမ်းကောင်းမပြနိုင်တော့ဘူးဆိုတဲ့ ပြောဆိုမှုတွေအပေါ် ဂွါဒီယိုလာ ပြင်းထန်စွာဝေဖန်

11:28 AM, 5 March

ပက် ဂွါဒီယိုလာက ပြိုင်ဘက်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယခင်ကလို ခြေစွမ်းကောင်း မပြနိုင်တော့ဘူးဆိုတဲ့ ပြောဆိုမှုတွေအပေါ် ပြင်းထန်စွာ ငြင်းဆိုသွားခဲ့ပါတယ်။ မနက်ဖြန်ညမှာ ကစားမယ့် ပြင်းထန်တဲ့ မန်ချက်စတာဒါဘီပွဲစဉ် မတိုင်ခင် ပေါ်တူဂီဂန္တဝင်အနေနဲ့ ယူနိုက်တက်မှာ လုပ်ပြနိုင်တာတွေ အများကြီး ရှိသေးတယ်လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဆုဖလားတွေ ဆွတ်ခူးဖို့ ယူနိုက်တက်ကို ပြန်လာခဲ့ပေမဲ့ ကလပ်က ရှေ့မသွားပဲ နောက်ပြန်သွားနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရာသီအစ အကောင်းဆုံး စတင်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယူနိုက်တက်နဲ့အတူ ရော်နယ်ဒိုလည်း ရုန်းကန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့လက ၃၇နှစ်ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၁၀ပွဲအတွင်း ၁ဂိုးသာ သွင်းနိုင်ခဲ့ပြီး အဝတ်လဲခန်းထဲ ဆိုးရွားတဲ့ အမြင်တွေ ရှိတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ အခြေအနေကြောင့် ရော်နယ်ဒိုဟာ စာချုပ်သက်တမ်း ထပ်မတိုးတော့ပဲ နွေရာသီမှာ အသင်းက ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ ဘာစီလိုနာနဲ့အတူ ရော်နယ်ဒိုကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးတဲ့ ဂွါဒီယိုလာကတော့ တိုက်စစ်မှူးဟာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးသွားပြီဆိုတဲ့ ပြောဆိုမှုတွေအပေါ် လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဂွါဒီယိုလာက “ရော်နယ်ဒိုက လွန်ခဲ့တဲ့ ၁၅နှစ်တွင်း မက်ဆီနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမား၁ဦး ဖြစ်ခဲ့ပါတယ်။ သူတို့ လုပ်ပြခဲ့တဲ့အရာတွေကို ကျွန်တော်တို့ ထပ်မြင်ရမှာ မဟုတ်တော့ပါဘူး။ သူက အဆုံးသတ်ပိုင်း သူမတူအောင် ကောင်းသလို ဒီနှစ်တွေအတွင်း သူကစားတာ ကြည့်ရတာ တကယ်ကြည့်ကောင်းတယ်ဆိုတာ ကျွန်တော် ဖုံးကွယ်မထားပါဘူး”“ဒီပွဲမှာ ကျွန်တော်တို့ ပေါက်ကွဲအားကို အသုံးပြုပြီး ခရစ္စတီယာနိုက ဧရိယာထဲ တားဆီးမရနိုင်သူဖြစ်တာကြောင့် ဧရိယာအနီးနား မလာဖို့ ဟန့်တားသွားမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲစဉ်အကြောင်း သတိရပြီး ကျွန်တော်တို့ ၁-၀ဂိုးနဲ့ ဦးဆောင်နေချိန် သူရောက်လာတာနဲ့ အခွင့်အရေး တန်းရခဲ့ပြီး အီဒါဆန် အကောင်းဆုံး ကာကွယ်ခဲ့ရပါတယ်။ သူ ဘောလုံး ကို မထိလိုက်ပေမဲ့ ဂိုးသွင်းနိုင်လုနီးပါးပါပဲ”

“အဲ့ဒါက သူ့မှာရှိတဲ့ အရည်အချင်းနဲ့ အရည်အသွေးပါပဲ။ သူ့ကို ကျွန်တော်တို့ ထိန်းချုပ်ရပါမယ်။ သူ့လို အကောင်းဆုံး ဂိုးသွင်းစက်တစ်ခုကို တားဆီးဖို့ သူ့နားအမြဲရှိနေရပါမယ်။ သူရဲ့ စိတ်ဓာတ်ပိုင်းကလည်း တကယ်မာပါတယ်။ သူက ကစားသမားဘ၀တစ်လျောက် မျှော်မှန်းထားတဲ့အတိုင်း ကစားနိုင်ခဲ့တာကြောင့် ဖိအားတွေကို ဘာပြဿနာမှ မရှိပဲ ကိုင်တွယ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ရော်နယ်ဒို