ရှေ့သို့
Image

ပရိသတ်တွေပါမျက်ရည်ကျတဲ့အထိ ခံစားခဲ့ရတဲ့ အဲဗာတန်နဲ့ ဘိုဟမ်ဝုဒ်တို့ရဲ့ စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု

4:22 PM, 4 March

အဲဗာတန်အသင်းဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ ဘိုဟမ်ဝုဒ်အသင်းနဲ့ FA ဖလားပွဲစဉ် မတိုင်မီ စစ်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြီး ပရိသတ်တွေကို မျက်ရည်ကျစေတဲ့အထိ စိတ်လှုပ်ရှားမှု ပေးနိုင်ခဲ့ပါတယ်။ အဲဗာတန်ဟာ Non League အသင်းနဲ့ FA ဖလား ပဉ္စမအဆင့်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ကျူးကျော်မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်းသားအားလုံး ယူကရိန်းအလံကိုခြုံပြီး ထွက်ခဲ့သလို ဧည့်သည်အသင်းကလည်း အဲဗာတန်ရဲ့ ယူကရိန်းကြယ်ပွင့် ဘယ်နောက်ခံလူ ဗစ်တာလီမိုင်ကိုလန်ကိုရဲ့ နာမည်ကို ဂျာစီမှာရေးထိုးကာ ကစားသမားကို အားပေးခဲ့ကြပါတယ်။ ၂၂ နှစ်အရွယ် ဘယ်နောက်ခံလူဟာ ဒီတစ်ပတ်ထဲမှာပဲ ရုရှားအသင်းခေါင်းဆောင် တိုက်စစ်မှူး အာတမ်ဒီဇူးဘားကိုလည်း နိုင်ငံရဲ့မတရားမှုကို နှုတ်ဆိတ်နေတဲ့အတွက်လည်း အပြင်းအထန်ဝေဖန်ခဲ့ပြီး ဘိုဟမ်းဝုဒ်နဲ့ ပွဲကိုလည်း အသင်းခေါင်းဆောင်အဖြစ် ကစားသွားပါတယ်။

ဒီလိုအချင်းအရာကို အင်္ဂါနေ့က မန်ချက်စတာစီးတီးနဲ့ ပီတာဘရော့တို့ပွဲမှာလည်း မြင်တွေ့ခဲ့ရပြီး မန်စီးတီး အသင်းဟာ ယူကရိန်းသား အိုလက်ဇန်းဒါးဇင်ချန်ကို ကိုအသင်းခေါင်းဆောင်ရာထူး ပေးအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်ပွဲစဉ်မှာလည်း He ain’t heavy he’s my brother သီချင်းနဲ့ ကစားသမားတွေ ကွင်းထဲဝင်ခဲ့သလို အခု FA ပွဲစဉ်မှာတော့ ပိုပြီးစိတ်ဓာတ်တက်ကြွစေတဲ့ John Lennon ရဲ့  Imagine သီချင်းကို ဖွင့်ခဲ့ပါတယ်။

ပရိသတ်တစ်ယောက်ဆိုရင် သီချင်းစဖွင့်ကတည်းက မျက်ရည်တွေကျနေခဲ့ပြီး သီချင်းစာသားတွေကြောင့် နှစ်သင်းစလုံးက ကစားသမားတွေရဲ့ မျက်လုံးထဲမှာ မျက်ရည်စတွေကို အတိုင်းသား မြင်တွေပခဲ့ရပါတယ်။ ဒါ့အပြင် အဲဗာတန်ဟာ ဘိုဟမ်းဝုဒ်အသင်းရဲ့ အထူးထုတ်ဂျာစီအတွက် ကုန်ကျစရိတ်တွေကိုလည်း စိုက်ထုတ်ပေးခဲ့ပေးခဲ့သလို အသင်းရဲ့ခရီးသွားစရိတ်နဲ့ ဟိုတယ်ခတွေကိုပါ ပေးခဲ့ပါသေးတယ်။

ဟိုဟမ်းဝုဒ် အသင်းဟာ ပုံမှန်အားဖြင့် အဖြူရောင်ဂျာစီသာ ဝတ်ဆင်ကစားလေ့ရှိပြီး ဒီအရောင်က အဲဗာတန်ရဲ့ ဘောင်းဘီ၊ ခြေအိတ်တွေနဲ့ အရောက်တူနေခဲ့ပါတယ်။ ဘိုဟမ်းဝုဒ်ရဲ့ အဝေးကွင်းအရောင်ကလည်း အပြာရောင်ဖြစ်နေတာကြောင့် ဂျာစီအသစ်တစ်ခုကို အမြန်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

#အဲဗာတန် #အက်ဖ်အေဖလား #ဘိုဟမ်ဝုဒ်