ရှေ့သို့
Image

ရုရှားနဲ့ တိုက်ပွဲအတွင်း ယူကရိန်းကလပ် ရှက်တာဒိုးနက် လူငယ်နည်းပြ ကျဆုံး

12:38 PM, 4 March

ရှက်တာဒိုးနက်လူငယ်နည်းပြဟာ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသင်း စီအီးအို ရှာဟီ ပယ်ကင်က ယမန်နေ့မှာ ရုရှားစစ်တပ်က ပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် လူငယ်နည်းပြ ကျဆုံးခဲ့ကြောင်း Facebookမှာ အတည်ပြုခဲ့ပါတယ်။

ရှက်တာဒိုးနက် အကြီးအကဲက ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ သမ္မတ ပူတင်အပေါ် ဆန့်ကျင်မှုတွေ ပြုလုပ်ကြဖို့ ရုရှားပြည်သူတွေကို တောင်းဆိုသွားခဲ့ပါတယ်။

ပယ်ကင်က “ကျွန်တော်တို့ရဲ့ ဝန်ထမ်းတစ်ယောက် မနေ့က အသတ်ခံခဲ့ရပါတယ်။ သူက လူငယ်နည်းပြတစ်ဦးပါ။ သူ့ကို ရုရှားကျည်ဆန်က သတ်သွားခဲ့တာပါ။ ယူကရိန်းက မြို့တွေပျက်စီးတဲ့အကြောင်း ခင်ဗျားတို့ပြောရင်း ကြောက်ကြတယ်။ ပြည်သူ သောင်းနဲ့ချီ သေကြေနေတာ ခင်ဗျားတို့ ကြောက်ကြတယ်။ ကလေးငယ်တွေနဲ့ သန်းပေါင်းများစွာသောသူတွေရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားတာကို ခင်ဗျားတို့ ကြောက်ကြတယ်။ အာဏာရှင်ကို တော်လှန်တာက အကြီးမားဆုံး ရှုံးပွဲဖြစ်လာမှာ ကြောက်ကြတယ်”လို့ ရေးသားထားခဲ့ပါတယ်။

ယခုအပတ်အစောပိုင်းက ရှက်တာဒိုးနက်အသင်းဟာ အသင်းမှ ဘရာဇီးကစားသမား အများအပြားကို ရိုမေးနီးယားကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ ဒိုင်နမိုကိဗ်နဲ့ ဒင်ပရိုတို့ဟာလည်း ပြည်ပ ကစားသမားတွေကို စစ်ပွဲဖြစ်နေတဲ့ နိုင်ငံအတွင်းကနေ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ရှက်တာဒိုးနက်အသင်းဟာ လက်ရှိ ယူကရိန်းလိဂ်မှာ ဦးဆောင်နေပေမဲ့ ဆောင်းရာသီအားလပ်ရက်ကြောင့် ဒီဇင်ဘာ ၁၁ရက်နောက်ပိုင်း ပွဲမကစားရသေးပါဘူး။ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာ ပွဲတွေ ပြန်ကစားဖို့ စီစဉ်ထားခဲ့ပေမဲ့ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ရပ်နားထားခဲ့ရပါတယ်။

#ယူကရိန်း #ရှက်တာဒိုးနက် #ရုရှား