ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမားဆု လျာထားစာရင်းထွက်ပေါ်လာ

10:02 AM, 4 March

ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု လျာထားစာရင်းမှာတော့ ဆောက်သမ်တန် တိုက်စစ်မှူး ချီအဒမ်၊ နယူးကာဆယ်စတား ဖရေဆာ၊ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်း ၊ လီဗာပူး နောက်ခံလူ မာတစ် ၊ ဘန်လေနောက်ခံလူ ဘန်မီးလ် နဲ့ ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာတို့ ပါဝင်လာပါတယ်။

ဆောက်သမ်တိုက်စစ်မှူး ချီအဒမ်ကတော့ အသင်းအတွက် နောက်ဆုံး ၄ ပွဲစလုံးမှာ သွင်းဂိုးတွေ ပါဝင်ပတ်သက်ထားပြီး အဲ့ထဲမှာ တော့တင်ဟမ်အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲ ၊ ယူနိုက်တက်ကို သရေကျခဲ့တဲ့ပွဲမှာ ချေပဂိုး နဲ့ နောဝစ်ချ်ကို အနိုင် ရရှိခဲ့တဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ပါဝင်ပတ်သက်ထားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ် တောင်ပံကစားသမား ဖရေဆာကတော့ ဖေဖော်ဝါရီလအတွင်းကစားခဲ့တဲ့ နိုင်ပွဲ ၃ ပွဲ နဲ့ သရေပွဲ ၁ ပွဲမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး အဲဗာတန်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး နဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု၁ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းက လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုး  နဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် မပြုလုပ်ခင် မန်စီးတီးကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းဂိုး  ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အခုလျာထားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ လီဗာပူးနောက်ခံလူ မာတစ်ကတော့ အသင်း ၄ ပွဲဆက် အနိုင်ရရှိရာမှာ ၃ ပွဲကို ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သလို လိဒ်နဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး နဲ့ လက်စတာနဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အခုလျာထားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဘန်လေနောက်ခံလူ ဘန်မီးလ်ကလည်း နောက်ဆုံး ၆ ပွဲမှာ အသင်းကို ၁ ပွဲပဲ အရေးနိမ့်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၃ ပွဲကို ပေးဂိုး မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ကာ တော့တင်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် အခုလျာထားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာကလည်း ဖေဖော်ဝါရီလအတွင်း ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး လိဂ်ရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှုအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဇာဟာကတော့ နောဝစ်ချ်နဲ့ပွဲမှာ လှပတဲ့သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့သလို ဝက်ဖို့ဒ်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အခုလျာထားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

#ဇာဟာ #ဟယ်ရီကိန်း #အဒမ်စ် #မာတစ်