ရှေ့သို့
Image

အသင်းကြီးတွေကို ကျော်ဖြတ်လာတဲ့ မစ်ဒယ်ဘရော့နဲ့ ရင်ဆိုင်ရမယ့် ချဲလ်ဆီး အပါအဝင် အက်ဖ်အေဖလား ကွာတားဖိုင်နယ် မဲခွဲမှုရလဒ်များ

9:04 AM, 4 March

ချဲလ်ဆီး အသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်၊ တော့တင်ဟမ်တို့ကို ကျော်ဖြတ်လာတဲ့ မစ်ဒယ်ဘရော့နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးကလည်း ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်နဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပါတယ်။

တစ်ဖက်မှာတော့ လီဗာပူးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်-ဟက်ဒါးဖီးလ် ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ပွဲအနည်းငယ်ချောင်တယ်လို့ ပြောနိုင်ပါတယ်။ ယခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲကတော့ အံ့အားသင့်စရာတွေ ရှိခဲ့ပြီး နည်းပြ ခရစ္စဝိုက်ဒါရဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းက ယူနိုက်တက်၊ တော့တင်ဟမ်တို့လို အသင်းကြီးတွေကို ကျော်ဖြတ်နိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။

ယခုအချိန်မှာတော့ မစ်ဒယ်ဘရော့တို့ လူတန်တောင်းကို အသည်းအသန်ကစားပြီးမှ ကျော်ဖြတ်လာခဲ့တဲ့ အသင်းကြီး ချဲလ်ဆီးနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါပွဲစဉ်တွေကိုလည်း မတ်လ ၁၈နဲ့ ၂၁ ရက်နေ့တွေမှာ ကစားဖို့ စီစဉ်ထားပါတယ်။ တစ်ဖက်မှာတော့ ဆောက်သမ်တန်အသင်းက ဝက်စ်ဟမ်းကို ၃-၁ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ပြီးနောက် ပီတာဘရော့ကို ၂ဂိုးပြတ် အနိုင်ယူကာ ကျော်ဖြတ်လာတဲ့ မန်စီးတီးနဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေခဲ့ပါတယ်။

စတုတ်ကို ၂-၁ဂိုးနဲ့ ကျော်ဖြတ်လာတဲ့ ပဲလေ့စ်က ဘိုဟမ်၀ုကို ကျော်ဖြတ်လာတဲ့ အဲဗာတန်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ
============================
မစ်ဒယ်ဘရော့ - ချဲလ်ဆီး
ဆောက်သမ်တန် - မန်စီးတီး
ခရစ္စတယ်ပဲလေ့စ် - အဲဗာတန်
နော်တင်ဟမ်ဖောရက်စ် ဒါမှမဟုတ် ဟက်ဒါးဖီးလ် - လီဗာပူး

#ချဲလ်ဆီး #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ်