ရှေ့သို့
Image

ယူကရိန်းအရေး နှုတ်ဆိတ်နေမှုကြောင့် မိုင်ကိုလန်ကိုရဲ့ ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဝေဖန်မှုအပေါ် ဒီဇူဘား တုံ့ပြန်

1:55 PM, 3 March

ရုရှားအသင်းခေါင်းဆောင် အာတမ် ဒီဇူဘားက ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပေါ် နှုတ်ဆက်နေတယ်ဆိုပြီး ယူကရိန်း ကစားသမား မိုင်ကိုလန်ကိုရဲ့ ဝေဖန်မှုအပေါ် ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

မိုင်ကိုလန်ကိုက အရှေ့ဥရောပက စစ်ပွဲအပေါ် speak out မလုပ်တဲ့ ရုရှားကစားသမားတွေကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်ဘယ်နောက်ခံလူဟာ မွေးရပ်မြေ ယူကရိန်းက ပြည်သူ ၂၀၀၀ကျော် သေဆုံးခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်မှုအပေါ် စိုးရိမ်တကြီး ဖွင့်ဟလာတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေထဲက ၁ဦး ဖြစ်ပါတယ်။

စနေည မန်စီးတီးနဲ့ပွဲမတိုင်ခင် စီးတီးကစားသမား ဇင်ချန်ကိုနဲ့ ပွေ့ဖက်မှုတွေ ပြုလုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ရုရှားရဲ့ ကျူးကျော်မှုအပေါ် ဆန့်ကျင်တဲ့ ဗီဒီယိုကို လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ မိုင်ကိုလန်ကိုဟာ ဒီဇူဘားအပါအဝင် ရုရှားကစားသမားတွေရဲ့ စစ်ပွဲအပေါ် speak out မလုပ်မှုကို စိတ်ပျက်စွာနဲ့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယခုအချိန်မှာတော့ ဒီဇူဘားက မိုင်ကိုလန်ကိုရဲ့ ဝေဖန်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ သူဟာ နိုင်ငံရေးကျွမ်းကျင်သူ မဟုတ်တာကြောင့် စစ်ပွဲအကြောင်း နှုတ်ဆိတ်နေခဲ့တာ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အလားတူ ဒီဇူဘားက ရုရှားကလပ်တွေနဲ့ နိုင်ငံအသင်းတွေအပေါ် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ Sanctionချမှတ်မှုအပေါ်မှာလည်း မေးခွန်းထုတ်သွားခဲ့ပါတယ်။

အင်တာစရမ်မှာ တင်ထားခဲ့တဲ့ ရှည်လျားလှတဲ့ ပို့စ်ထဲ ဒီဇူဘားက “အခုမတိုင်ခင်ထိ ကျွန်တော် ယူကရိန်းက အဖြစ်အပျက်တွေအကြောင်း မပြောချင်ခဲ့ပါဘူး။ ကျွန်တော် ကြောက်လို့ ဖြစ်သလို နိုင်ငံရေးကျွမ်းကျင်သူလည်း မဟုတ်တာကြောင့် ဘာမှမပြောခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်မှာ အားလုံးလိုပဲ အမြင်ရှိပါတယ်။ ကျွန်တော် ဘယ်လိုစစ်ပွဲကိုမဆို ဆန့်ကျင်ပါတယ်။ စစ်ပွဲဆိုတာ ကြောက်ဖို့ကောင်းပါတယ်”“ကျွန်တော် စစ်ပွဲကို ဆန့်ကျင်သလို နိုင်ငံအပေါ်လိုက်ပြီး ခွဲခြားဆက်ဆံတာကိုလည်း ဆန့်ကျင်ပါတယ်။ ကျွန်တော် ရုရှားလူမျိုး ဖြစ်ရတာကို မရှက်ပါဘူး။ ဘာလို့ လူတွေက ဘောလုံးနဲ့ နိုင်ငံရေး မဆိုင်ဘူးလို့ပြောပြီး ရုရှားကျမှ ခုလိုလုပ်ရတာလဲ”

“စစ်ပွဲဆိုတာ ကြောက်စရာကောင်းတယ်လို့ ထပ်ပြောပါမယ်။ အကျပ်အတည်း အခြေအနေတွေမှာ လူတွေက တကယ့် သရုပ်မှန်ကို ပြသကြပါတယ်။ တစ်ခါတစ်လေ အဆိုးမြင်ပြီး ပေါက်ကွဲကြကာ အခုဆို ရုရှား ပြည်သူတွေအပေါ် အဲ့လို ဖြစ်နေပါပြီ။ စစ်ပွဲက အဆုံးသတ်မှာ ဖြစ်ပေမဲ့ လူလူချင်း ဆက်ဆံရေးကကျန်ခဲ့မှာပါ။ အဲ့ဒါကို ပြန်ပြောင်းလို့လည်း မရပါဘူး။ ဒါကို စိတ်ထဲ မှတ်ထားရပါမယ်”လို့ ပြောခဲ့ပါတယ်။

မိုင်ကိုလန်ကိုရဲ့ ဝေဖန်မှုအပေါ် ဒီဇူဘားက “PS.အင်္ဂလန်မှာနေပြီး ဆိုးရွားတဲ့အရာတွေ ပြောနေတဲ့ လုပ်ဖော်ကိုင်ဖက် အနည်းငယ်အနေနဲ့ ခုလိုပြောကြတာကို ကျွန်တော်တို့ မကျေမနပ် ဖြစ်စရာ မလိုပါဘူး။ ကျွန်တော်တို့ အားလုံးကို နားလည်ပါတယ်။ အားလုံးကို Peace ပါလို့ ပြောချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒီဇူဘားရဲ့ အသင်းဟောင်း စပါးတက် မော်စကိုအသင်းဟာ ယူအီးအက်ဖ်ရဲ့ Sanctionကြောင့် ယူရိုပါလိဂ်ကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

#ယူကရိန်း #ရုရှား #ဒီဇူဘား