ရှေ့သို့
Image

ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပေမဲ့ မန်စီးတီးနဲ့ပွဲမှာ ရော်နယ်ဒိုကို ဆက်လက်ပွဲထုတ်သွားဖွယ်ရှိနေတဲ့ ရန်းနစ်

12:33 PM, 3 March

ရက်ဖ် ရန်းနစ်ဟာ ယခုအပတ်တွေအတွင်း ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို တနင်္ဂနွေည မန်ချက်စတာဒါဘီပွဲစဉ်မှာ ဆက်လက်ပွဲထုတ်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာပြီးနောက် ရော်နယ်ဒိုတစ်ယောက် ပထမလိဂ် ၁၅ပွဲမှာ ၈ဂိုး သွင်းနိုင်ခဲ့သလို ယူနိုက်တက်အသင်း ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရောက်အောင်လည်း အဓိကကျတဲ့နေရာကနေ ကူညီပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်သစ်မှာတော့ ရော်နယ်ဒိုရဲ့ ဂိုးတွေက ပျောက်သွားခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ပွဲမှာ ၁ဂိုးသာ သွင်းထားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမှာဆိုရင် ရော်နယ်ဒိုတစ်ယောက် အခွင့်အရေးကောင်းများစွာကို လွဲချော်ခဲ့ပြီး ယူနိုက်တက်လည်း ဂိုးမရှိသရေကျခဲ့ရပါတယ်။

ယခုလို အဆုံးသတ်ပိုင်း ကျဆင်းလာမှုကြောင့် ပေါ်တူဂီသားတစ်ယောက် မန်စီးတီးနဲ့ ပွဲမှာ နေရာရပါ့မလားဆိုတာ စိုးရိမ်နေကြပေမဲ့ The Sunရဲ့ ဖော်ပြချက်အရ ရန်းနစ်ဟာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းထဲ ဆက်သုံးဦးမယ်လို့ သိရပါတယ်။ ရန်းနစ်က ရော်နယ်ဒိုဟာ ၈ရက်ကြာ အနားရထားတဲ့အတွက် စီးတီးနဲ့ပွဲမှာ ခြေစွမ်းကောင်း ပြန်ပြနိုင်မယ်လို့ ယုံကြည်နေကြောင်း အဆိုပါသတင်းထဲ ဖော်ပြထားပါတယ်။

၃၇နှစ်သားဟာ ပြီးခဲ့တဲ့လ ဘန်လေနဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရပေမဲ့ ယခုတစ်ကြိမ်မှာတော့ ရန်းနစ်က ၃၇နှစ်သားကို ထည့်ကစားမယ်လို့ မျှော်မှန်းထားပါတယ်။ ရန်းနစ်ခုလို ရော်နယ်ဒိုကို ဆက်သုံးဖို့ ဆုံးဖြတ်တာဟာ ပေါင်ခြံဒဏ်ရာကြောင့် လိဂ်ပွဲစဉ်၄ပွဲဆေလာက် လွဲချော်ထားတဲ့ တိုက်စစ်မှူး ကာဗာနီ အပါအဝင် အစားထိုးနိုင်မယ့် ကစားသမား မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရော်နယ်ဒိုသာ ပါလာမယ်ဆိုရင် မန်စီးတီးနဲ့ပွဲမှာ ယူနိုက်တက် အနေနဲ့ ပေါ်တူဂီသားရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အခြေအနေကို လိုအပ်မှာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ နိုဝင်ဘာလက စီးတီးနဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ အိမ်ကွင်းနောက်ဆုံးပွဲလည်း ဖြစ်သွားခဲ့ပါတယ်။

လက်ရှိ အဆင့် ၄ နေရာမှာ ရှိနေတာကြောင့် ယူနိုက်တက်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေပေမဲ့ ၃ ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အာဆင်နယ်ကို ၂မှတ်သာ ဖြတ်ထားနိုင်တာကြောင့် လာမယ့်ပွဲတွေမှာ ဆက်လက် ရုန်းကန်ရမယ့် အခြေအနေ ဖြစ်နေခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်